Uni
"မောင့်မူပိုင်ဇနီး"
🥀အပိုင်း ၄🥀
ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်နေသော မောင့်ကိုကြည့်ပြီး မြတ်နိုး နှုတ်ခမ်းပါးလေးကို ဖိကိုက်ပြီး အသံတိတ်ငိုနေမိလေသည်။ မောင်ဟာလေ အမြဲ ထိုကဲ့သို့ပင်။ သူမ ရင်တွင်းခံစားချက်များကို အမြဲဥပေက္ခာပြုတတ်သူ။ အမှန်တကယ်ဆို မောင်သည့် သူမ အတွက် မုန်းစရာအကောင်းဆုံးသူပင်။ ချစ်မိခဲ့သူ သူမ နှလုံးသားက သူ့ကို မမုန်းနိုင်ခဲ့သည့်ကလည်း အတော်ခက်လေသည်။
ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသော စောင်အပါးလေးကို ဖယ်ရှားက ထမည့် အပြု
"ဘယ်သွားမလို့လဲ"
သူမ ခန္ဓာကိုယ်လေးကို ဖမ်းဆွဲလိုက်တော့ သူမ ခန္ဓာကိုယ် အိအိလေးက သူ့ရင်ခွင်ထက် အလဲလဲအပြိုပြို။
ကျောပြင်နှင့် မွေ့ယာထိတွေ့မှုကြောင့် သူမ မျက်ဝန်းလေးတွေ ဝိုင်းစက်ကာ
"မောင် ဖယ် ဖယ်တော့"
"ခဏလေးမိန်းမရာ"
ပိုတိုး၍ ဖက်လာသော မောင့် လက်တွေကို သူမ အတင်းဖယ်ရှားနေရင်း
"ဖယ်တော့မောင် ကျွန်မ ပြန်တော့မယ်"
"ဘာ ဘယ်လို"
ရုတ်တရတ် သူမ အပေါ်မှ အုပ်မိုးကြည့်လာသော သူ့မျက်ဝန်းတွေက စိမ်းသက်စွာပင်။
"မင်း ဒီကို လာတာ မောင်နဲ့ အတူနေချင်လို့ မဟုတ်လား"
"အစကတော့ ဟုတ်တယ် ၊ အခုတော့ မဟုတ်တော့ဘူး မောင်၊ မောင့်ရဲ့ အပြုအမူက သိပ်ကို အရိုင်းဆန်လွန်းတယ်"
"ဘာရယ် အဟွန့်"
ထက်မြတ် သူမ အပေါ်မှ ဖယ်လိုက်ပြီး ကုတင်ပေါ် ခြေထောက်ဆင်းထိုင်ကာ
"မောင့်က မင်းရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ မင်းနဲ့ အတူနေမိတာ မောင့် မှားလား မြတ်နိုး"
မောင့် စကားကြောင့် မြတ်နိုး ဖရိုဖရဲ ဖြစ်နေသော ခန္ဓာကိုယ်မှ အဝတ်အစားတွေကို သေသေသပ်သပ် ပြုပြင်လိုက်ပြီး
"မှားတယ် မောင်၊ မောင့် မှားတယ်၊ မြတ်နိုးနဲ့ အတူမနေချင်လို့ အပြင်မှာ ခြေရှုပ်နေတဲ့ မောင်က မြတ်နိုး ကို အခုလို လွန်ကျူးတာ လွန်တယ် မထင်ဘူးလား မောင်"
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း