Uni
"မောင့်မူပိုင်ဇနီး"
🥀အပိုင်း ၃🥀
မြတ်နိုး ရဲ့ ပျော်ရွှင်ခြင်းတွေက အခုဆို မောင် မဟုတ်တော့ပေ။ ဟိုအရင်က မောင့် မျက်နှာ တစ်ရွာထင်ခဲ့ဖူးသည့် မြတ်နိုး အတွက် မောင့်က ချစ်ခြင်းတွေ အစား အခုတော့ နာကျင်ခြင်းတွေ ပေးနေလေသည်။ ပါးပြင်မို့မို့လေးအပေါ် စီးကျလာသော မျက်ရည်လေးကို အသာအယာ သုတ်ဖယ်ရင်း မြတ်နိုးနှလုံးသားလေးလည်း အမြဲနာကျင်နေခဲ့ပြီးသားပင်။
မောင်ရဲ့ လုပ်ရပ်တွေကို သူမ တားဆီးရမည်။ ဟုတ်သည့် မောင် ခြေလှမ်းတွေ လုံးဝမမှားခင် သူမက အမှန်ကို လမ်းပြနိုင်ရမည်။ ဒါမှသာ မောင့် ရဲ့ ချစ်ဇနီးမယားကောင်းတစ်ယောက် ဖြစ်မည်မဟုတ်လား။
ထိုကြောင့် မောင့်ရှိရာ ကမ်းနားလမ်းက တိုက်ခန်းဆီသို့ သူမ လာခဲ့လိုက်လေသည်။
တိုက်ခန်း သော့အပိုရှိနေသဖြင့် အလွယ်တကူ တံခါးဖွင့် ဝင်နိုင်ခဲ့လေသည်။တိုက်ခန်းထဲ ဝေ့ဝဲကြည့်လိုက်တော့ မောင် ဒီမှာ လာနေသည့်က သိသာလေသည်။ ဟိုယခင်ကလည်း မောင်နှင့် မြတ်နိုး စကားများလေတိုင်း မောင့် စိတ်ရှုပ်လေတိုင်း ဒီမှာ လာနေတတ်ခဲ့လေသည်။ အခုလည်း အိမ်ပြန်မလာလေဘဲ ဒီတိုက်ခန်းမှာ အချိန်လာကုန်နေသည့်ကို မြတ်နိုးတွက်ဆမိလေသည်။
မီးဖိုထဲမှာ အသင့်ရှိနေသော ဟင်းချက်စရာများကြောင့် မီးဖိုထဲဝင်ကာ အိမ်ရှင်မ ပီပီချက်ပြုတ်ရပြန်ပါသည်။ ဘယ်လိုအခြေအနေမှာဖြင့်ဖြင့် သူသည် သူမရဲ့ အိမ်ဦးနတ် လင်ယောကျာ်းမဟုတ်ပါလား။
🥀🥀🥀သော့မခက်ထားသော တံခါးကို အသာတွန်းပြီး ဝင်ခဲ့တော့ မီးဖိုခန်း ကျဥ်းကျဥ်းလေးထဲမှာ စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ချက်ပြုတ်နေသည့် မြတ်နိုးကို သူ့တွေ့လိုက်ရလေသည်။
"မြတ်နိုး မင်းရောက်နေတာလား"
"အော် မောင်"
အေပရွှန်လေး ဝတ်ပြီး သူ့ကို လှည့်ကြည့်ကာ ပြုံးလာသူက ဘယ်အချိန်ဖြင့်ဖြင့် ရိုးမသွားသော အလှတရားများစွာပိုင်ဆိုင်ထားသည့် သူ့ ဇနီး မြတ်နိုးမေပင်။
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း