Uni
"မောင့်မူပိုင်ဇနီး"
🥀အပိုင်း ၆🥀
သူမတို့ ရပ်ကွက်က ခရေတန်းလေး။ သူမ နှင့် သူ့ကြားမှာ အမှတ်တရများစွာရှိနေခဲ့သည့် ခရေပင်တွေကတော့ ဟိုအရင်အတိုင်း ပြောင်းလဲမှု မရှိခဲ့သေးပေ။ ခရေပန်းပွင့်လေးကို သူ့ လှမ်းကောက်လိုက်ပြီး နမ်းလိုက်မိသည်။ ထိုနောက် နှစ်နှစ်ခြိုက်ခြိုက်လေးပြုံးရင်း သူ့ အတွေးတွေထဲ ဟိုယခင်က မြတ်နိုးရဲ့ ပုံရိပ်လေးက အထင်းသားပေါ်လာခဲ့လေသည်။
"မောင့် နေ့တိုင်း ပန်းတွေကောက်ပြီး ငါ့အတွက်သီပေးနေတာ မောင့်မမောဘူးလားဟင် "
သူ့ သီထားပေးသော ခရေပန်းလေးကို နမ်းရှိုက်ရင်း မေးလာသူက မင်းထက်မြတ်ဆိုသော သူ့ နှလုံးသားက နှစ်နှစ်ကာကာချစ်မိခဲ့လေသော မိန်းကလေးပင် ဖြစ်လေသည်။ ထက်မြတ် ခရေပင်မှ ခရေပန်း တစ်ခက်ကို လှမ်းချိုးလိုက်ပြီး
"မောင်က မြတ်နိုးကို ချစ်လို့ပေါ့"
မြတ်နိုး သူ့ မျက်ဝန်းတွေကို ရွှန်းရွှန်းစားစားကြည့်ပြီး
"ဘယ်တော့မှ ပစ်မသွားနဲ့နော် ၊ ကတိပေး"
"စိတ်ချ ၊ မောင့် အသက် ရှင်သန်နေသ၍ မြတ်နိုးကို ဘယ်တော့မှ ပစ်မသွားဘူး မြတ်နိုး၊ မောင့် မြတ်နိုးကို ချစ်တယ်"
"မြတ်နိုးလည်း မောင့်ကို ချစ်ပါတယ် မောင်ရယ်"
ချစ်သူနှစ်ဦးရဲ့ ရင်တွင်းမှာ ကြည်နူးရင်ခုန်ခြင်းများစွာ ကိန်းအောင်းသန္ဓေတည်လျှက်။
🥀🥀🥀"မင်းထက်မြတ် နင် ရူးနေတာလား၊ မြတ်နိုးမေကို လက်ထပ်ရအောင် သူ့က နင့်ရဲ့ကလေးကို မမွေးပေးနိုင်ဘူးလေ"
"သားသိတယ်၊ သားအတွက် ကလေးမလိုအပ်ဘူး၊ မြတ်နိုးကို ချစ်နေရရင်ပဲ ကျေနပ်တယ်"
ဒေါ်ခင်ရူပါ သားဖြစ်သူကို စိတ်ပျက်စွာကြည့်ပြီး
"နင့် ချစ်တာ မချစ်တာ ငါ့ မသိဘူး၊ အေး တစ်ခါတည်း ပြောလိုက်မယ်၊ အဲ့ဒီအမြုံမနဲ့ ငါ့ နင့်ကို သဘောမတူဘူး"
"ရပါတယ် သားက ဆုံးဖြတ်ပြီးမှတော့လည်း အမေ့ အရိပ်က ထွက်ရုံပေါ့"
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း