Uni
🥀အပိုင်း ၁၅🥀"ဟာ ထက်မြတ်"
ဇေယျာ တစ်ယောက် ကားရပ်လိုက်သည့်နှင့် မြင်လိုက်ရသော သူငယ်ချင်း ဖြစ်သူ၏ ဆိုးရွားလွန်းလှသည့် အခြေအနေကို မြင်လိုက်ရသည်နှင့် ကားပေါ်မှ ပြေးဆင်းလာခဲ့လိုက်လေသည်။
"ထက်မြတ် ထက်မြတ် ဟေ့ကောင်"
"ဇေ ဇေ ဇေယျာလား၊ မြတ်နိုး မြတ်နိုးက ငါ့ကို မုန်းသွားပြီကွ ဟီး ဟီး"
"ဟာ ကျစ်၊ ထက်မြတ် ထ ပြန်မယ်"
ဇေယျာ မြေပြင်ပေါ်လှဲကျနေသော သူ့ငယ်ချင်း ဖြစ်သူကို ဆွဲခေါ်ကာ မြတ်နိုးတို့ ခြံရှေ့မှ ထွက်ခဲ့လေသည်။ မြတ်နိုးမြင်နေရပါသည်။ မောင့်ရဲ့ ဖြစ်အင်ကို စ/လယ် အဆုံး။ အပေါ်ထပ်အခန်း၏ လိုက်ကာစကိုဖယ်ပြီး မမှိတ်မသုန် ငေးကြည့်ရင်း ပူပူနွေးနွေး မျက်ရည်တွေက ပါးပြင်ပေါ်စီးကျလာခဲ့ရလေသည်။
ဇေယျာဆွဲခေါ်ရာ ပါသွားလေသော မောင့်၏ ယိုင်နဲ့နေသည့် ခန္ဓာကိုယ်ကို မြတ်နိုးဆက်ကြည့်နိုင်စွမ်း မရှိတော့သဖြင့် လိုက်ကာစကို ဆွဲပိတ်ပြီး ရှိုက်ငိုမိပြန်ပါသည်။ ပြတင်ပေါက်လိုက်ကာကို ပြန်ဆွဲပိတ်ကာ ကြမ်းပြင်ပေါ် ထိုင်ချကာ ငိုလိုက်မိလေသည်။
"ဘာလို့ လိုက်လာတာလဲ၊ နေမြဲတိုင်း နေပါလား၊ ကျွန်မ အရှုံးတွေကို လာကြည့်ပြီး လှောင်တာလား"
အချစ်ရဆုံး လူကသာ ကိုယ့်ကို နာကျင်အောင် အမြဲလုပ်စမြဲပင်။ ချစ်မိသူ၏ နှလုံးသားတစ်စုံက သူ့ကြောင့် နာကျင်စရာ မရှိတော့သည့်မို့ ဒီတစ်ခါ ငိုခြင်းက နောက်ဆုံး ဖြစ်ပါရစေ။
🥀🥀🥀"အား ကျွတ် ကျွတ်"
"ဟျောင့် ဖြည်းဖြည်းထ"
အိပ်ယာထက်က အတင်းထနေသော ထက်မြတ်ကို ဇေယျာ ဝင်တွဲရင်း ဟန့်လိုက်ရလေသည်။
"ငါ့ ငါ့ အခုဘယ်ရောက်နေတာလဲ"
"ဟိုတယ်ရောက်နေတာ"
"ဘာ!"
ကျယ်လောင်စွာ ထအော်လိုက်သော ထက်မြတ်ကြောင့် ဇေယျာ လန့်သွားမိလေသည်။
"ဖြည်းဖြည်းအော်စမ်းပါကွာ၊ မင်းနဲ့ ငါ ဒီရောက်နေတာ အသင့်နေစရာရှာရတယ်လေ၊ ငါ့ ဟိုတယ်မှာ အခန်းငှါးနေတုန်း မင်းက မြတ်နိုးမေဆီ တန်းသွားတာလေ ဟျောင့်"
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း