Uni
"မောင့်မူပိုင်ဇနီး"
🥀အပိုင်း ၂🥀
"ကိုကို"
"ဟင် ပျိုခင်"
သူရှိရာ စက်ရုံသို့ ရောက်လာသော ပျိုခင်ကြောင့် သူပင် အံ့သြသွားရလေသည်။
"ဘာလဲ ကိုကိုရာ၊ ပျိုခင် လာတာကို ကိုကို က မလိုလားတာလား"
"ဟာ မဟုတ် မဟုတ်ပါဘူး ဘေဘီရာ၊ ထိုင်ဦး ကိုကို အအေးသွားယူပေးဦးမယ်"
နှုတ်ခမ်းဆူကာ ချွဲပြန်တော့ မင်းထက်မြတ် ဆိုသော ကောင်က ဘာအသားနှင့် ထုထားတာမို့လို့လဲ။ နူးညံ့ပျော့ပျောင်းရပြန်တာပေါ့။
"ဟီး အဲ့ဒါကြောင့် ကိုကို ကို ချစ်တာ"
"ကိုကိုကလည်း ချစ်ပါတယ်တဲ့ ဗျာ"
ရုံးခန်းထဲမှာ မိုးမမြင် လေမမြင် ကြည်နူးနေကြသူ နှစ်ဦးကို ကြည့်ပြီး မြတ်နိုး သူ့ဆီ လာခဲ့သည့်က မှားပြီဆိုတာကို ကောင်းစွာ နားလည်လိုက်လေသည်။ သူတို့ကို ကြည့်ပြီး နာကျင်စူးရှလာသော စိတ်ခံစားချက်ကို မြို့သိမ့်ပြီး နေရာမှ လှည့်ထွက်ခဲ့လိုက်လေသည်။ သူမ ရင်ထဲတွင်တော့ နာကျင်ခြင်း ဝေဒနာတွေက နင့်သီးစွာပင်။
🥀🥀🥀"သမီးမြတ်"
ယောက္ခမဖြစ်သူ၏ ခေါ်သံကြောင့် မြတ် တွေးတောစဥ်းစားနေသော အကြောင်းအရာတွေကို ရပ်တန့်ကာ
"ဘာပြောချင်လို့လဲ အမေ"
ဒေါ်ခင်ရူပါ ချွေးမ ဖြစ်သူရဲ့ ဘေးတွင် ဝင်ထိုင်လိုက်ပြီး
"သမီးရဲ့ ခံစားချက်တွေကို အမေ ကောင်းကောင်းနားလည်ပါတယ်၊ သားရဲ့ လုပ်ရပ်တွေကို အမေ လည်း မကြိုက်ပါဘူး"
မြတ်နိုး မဲ့ပြုံးလေးပြုံးရင်း
"အမေလည်း တားမရခဲ့ဘူး မဟုတ်လား၊ သမီး နေရာမှာ အမေ ဝင်ခံစားကြည့်ပါ၊ ကိုယ့်ခင်ပွန်းက တခြားမိန်းမတစ်ယောက်နဲ့ လော်မော်ဖောက်ပြားနေတာကို သမီး သိသိကြီးနဲ့ သီးခံနေရတာ ဘယ်လောက်အထိ ဆိုးရွားနေလဲ ဆိုတာ"
"အမေ နားလည်ပါတယ်၊ ဒါပေမယ့် သမီးရယ် သားက သူ့ရဲ့ ကလေးကို အရမ်းလိုချင်ခဲ့တာလေ၊ အဓိက ပြသနာက သမီးက ကလေးမရနိုင်တဲ့ အတွက်ကြောင့်ပဲ"
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း