Uni
🥀အပိုင်း ၁၃🥀
အခုဆို မောင့် ဆီက သူ့မ ထွက်လာတာ ၁လ ပြည့်တော့မည်။ မောင့် အတော်ပြောင်းလဲသွားသည့်ပင်။ ပျိုခင် ဆိုသည့် မိန်းကလေးနှင့် လက်ထပ်မည့် အကြောင်းပင် သတင်းစာထဲ ပါလာခဲ့လေပြီ။ သတင်းစာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း သူမ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ စီးကျလာရလေသည်။
ရက်စက်တယ် မောင်။ ချစ်လှပါရဲ့ ဆိုသည့် မောင့်က ဒီကနေ့ သူ့ရဲ့ လက်ထပ်ထိမ်းမြှားမည့်ရက်ကို အတိအလင်း သတင်းစာထဲ ထည့်ကြေငြာခဲ့သည့်တဲ့လား။
ဒါဆို သစ္စာမရှိသည့် လူတစ်ယောက်အတွက် သူမ အသက်ကို ပေးလိုက်ရဖို့ အထိ တန်ရဲ့လား။ သူမ အချစ်ကို အမျိုးမျိုး စော်ကားသည့် မောင့်ကို ဒီတစ်ခါတော့ ကျောခိုင်းပါရစေ။
"တောက်"
ခွန်းစစ်သည် တစ်ယောက် အစ်မ ဖြစ်သူ အတွက် ခံပြင်းဒေါသဖြစ်နေမိလေသည်။ ဘေးနားမှာ မိခင် ရှိနေသည့်ကိုပင် သတိမထားနိုင်လောက်အောင် အံ့ကို ခပ်တင်းတင်းကြိတ်ပြီး
"အစ်မ နင့် ဆုံးဖြတ်၊ အခု ဘာလုပ်မှာလဲ၊ နင့် အဲ့ကောင်ကို အပြတ်ဖြတ်မှာလား၊ ငါ့ သွားသတ်ရမှာလား"
"သားငယ်"
ဒေါ်ဝင့်သီတာ သားဖြစ်သူ၏ ဒေါသကို သိနေသူ ပီပီ လှန့်ဟန့်နေမိလေသည်။ သမီး ဖြစ်သူကိုတော့ ရင်ခွင်ထဲ ထွေ့ပွေ့ရင်း
"ငိုချင် ငိုချလိုက် သမီး"
နာကျင်နေပါပြီ။ နှလုံးသားလေး။ နာကျင်ရပါ များခဲ့ရ၍ သူမ နှလုံးသားတွေ ခံနိုင်ရည်မရှိတော့ရိုး အမှန်။ထိုကြောင့် သူမ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချပြီး
"အမေ သမီး ဘန်ကောက်မှာ သွားနေချင်တယ်၊ ဘန်ကောက်က ဖေဖေရဲ့ ကျန်ရှိခဲ့တဲ့ လုပ်ငန်းတွေကို ဦးစီးပြီး စီးပွားရေး နယ်ပယ်တစ်ခုမှာ သမီး စိတ်ကို တည်ငြိမ်အောင် ထားချင်တယ်၊ ဒါမှ သူ့ကို မေ့လို့ရမှာ"
ခွန်း အစ်မကို ကြည့်ကာ သက်မနွေးနွေးကို ရှိုက်လိုက်ပြီး
"အစ်မ အဆင်ပြေမယ်ဆို ကျွန်တော်စီစဥ်ပေးပါမယ်"
ခွန်းစစ်သည် စကားအဆုံးတွင် သူမ မောင့် ဖြစ်သူကို မျက်ရည်တွေ အိုင်နေသော မျက်ဝန်းများဖြင့် ကြည့်ပြီး
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း