Uni
"မောင့်မူပိုင်ဇနီး"
🥀အပိုင်း ၉🥀
"မောင် ဘယ်သွားမလို့လဲ"
ထက်မြတ် စိတ်ရှုပ်စွာ ဇနီးဖြစ်သူကို ငဲ့ကြည့်ပြီး
"အမေကွာ ဘာဖြစ်ရမှန်းမသိဘူး၊ အခုခဏလာခဲ့ဦးတဲ့၊ မသွားလို့လဲ မကောင်းပြန်ဘူး"
ထက်မြတ် စိတ်ရှုပ်စွာ ရေရွတ်မိုလေတော့ မြတ်နိုး သူ့နောက်ကျောကို သိုင်းဖက်လိုက်ပြီး
"အရေးကြီးလို့နေမှာပေါ့ မောင်ရယ်၊ သွားလိုက်နော်"
"ဟုတ်ပါပြီဗျာ၊ ခဏပဲနော်၊ မောင် ပြန်လာခဲ့မယ်"
"ဟုတ် မောင်"
မြတ်နိုး နှုတ်ခမ်းပါးလေးအား သူ့ အနမ်းခြွေရင်း ကျောခိုင်းထွက်သွားသော မောင့်ကို ကြည့်ပြီး မြတ်နိုး စိတ်ထဲ လေးနေမိသည်။ မောင့် တစ်ခုခု ဖြစ်တော့မည်ကို မြတ်နိုး စိတ်က ထင့်နေသဖြင့် မောင် နောက်လိုက်ရန် ဆုံးဖြတ်ပြီး သိုးမွှေးလက်ရှည်တထည်ကို အပေါ်ကထပ်ဝတ်ပြီး အောက်ထပ်သို့ ဆင်းခဲ့လိုက်လေသည်။
ထိုနောက် ဂိုဒေါင်ထဲမှ ကားတစ်စီးထုတ်ကာ မောင့် အနောက်မှ လိုက်ခဲ့မိလေသည်။
🥀🥀🥀ထက်မြတ် အိမ်ခြံဝန်းအတွင်းသို့ ကားဝင်ကာ ထိုးရပ်ကာ အိမ်ထဲသို့ ဝင်ခဲ့စဥ်
"သား ရောက်လာပြီလား၊ ထိုင်ပါဦးကွယ် အမေ မျှော်နေတာ"
ထက်မြတ် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး
"သားကို ဘာကိစ္စရှိလို့ ခေါ်တာလဲဟင်"
"ဟင့် ဟင့် အေးဆေးပေါ့ သားရယ်၊ ထိုင်ပါဦး အမေ့သားလေး မောလာရောပေါ့ ၊ ကော်ဖီလေး သောက်ရအောင် အမေ ဖျော်ပေးဦးမယ်နော်"
"ဟုတ်ကဲ့"
မိခင် ဖြစ်သူ ထမင်းစားခန်းဘက် ထွက်သွားတော့ အိမ်ထဲဝေ့ကြည့်မိတော့ ဘယ်သူမှ မရှိဘူး ထင်ပါရဲ့ တိတ်ဆိတ်၍ပင်။
ထက်မြတ်လည်း ပင့်သက်ကို ရှိုက်ရင်း စားပွဲခုံပေါ် တင်ထားသည့် သတင်းစာရွက်ကို လှန်လှော ကြည့်နေမိလေသည်။
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း