16 U/Z

81 3 0
                                    

Uni

🥀အပိုင်း ၁၆🥀

"မောင့် တကယ်ပြောတာ၊ မြတ်နိုးသာ မောင်ကို ခွင့်မလွှတ်ဘူး ဆိုရင် မောင့်ဟာ သေလူပါပဲ"

မြတ်နိုး နှုတ်ခမ်းပါးလေးကို မဲ့လိုက်ပြီး

"ဒါဟာ ရှင့်ရဲ့ အကြောင်းတရား မြတ်နိုးနဲ့ မဆိုင်လို့ သွားခွင့်ပြုပါဦး၊ အော် တစ်ခါထဲပြောပါရစေ၊ ကျွန်မ ဘန်ကောက်ကို သွားတော့မှာမို့ ကျွန်မကို ထပ်ပြီး မနှောက်ယှက်ပါနဲ့"

စကားအဆုံးတွင် ထိုင်နေရာမှ ထထွက်သွားသော မြတ်နိုးကို ကြည့်ပြီး ထက်မြတ် ရင်တစ်ခုလုံး စုတ်ပြတ်သတ် နာကျင်ခဲ့ရလေသည်။ 

"မင်း မပတ်သတ်စေချင်ရင် မောင့်အားလုံးနဲ့ အဝေးကို ထွက်သွားမှာပါ"

သူ့ရင်တွင်း စကားတစ်ချို့ကို သူမ ကြားနိုင်မည် မထင်။ အချစ်က ပူလောင်စေသည့် စကားအတိုင်း အရမ်းကို ပူလောင်လွန်းနေပါပြီ။ နာကျင်လိုက်တာ နှလုံးသားလေး။ ကြေကွဲသူရဲ့ မျက်ရည်တွေက ဒီကနေ့ နောက်ဆုံး ဖြစ်ရပါစေသား။
                              🥀🥀🥀

မောင် ပြောခဲ့သည့် စကားတွေကို အထပ်ထပ် ပြန်ကြားမိတော့ မြတ်နိုး ငြင်းဆန်ခဲ့သည့်ကို နောင်တရချင်လာလေသည်။ မတော်ရော်မယ် မောင်သာ တစ်ခုခုလုပ်လိုက်လေလျှင်။ အို မတွေးရဲစရာ။ မြတ်နိုး ကိုယ့် အတွေးနှင့် ကိုယ် အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေစဥ် အိပ်ယာပေါ်က မြတ်နိုး ဖုန်းလေးက ထမြည်လာလေသည်။ အိပ်ယာပေါ်မှ ဖုန်းကို အလျှင်အမြန်ယူကြည့်လိုက်တော့ ဖုန်းနံပါတ်စိမ်းတစ်ခုပင်။  မကိုင်လေဘဲ ပစ်ထားလေပြီးမှ ဆက်တိုက်ခေါ်နေသဖြင့် ကိုင်လိုက်တော့

"ဟယ်လို"

"~~~~~~~"

"ကိုဇေယျာ ဘာဖြစ်လို့လဲ"

"~~~~~~~~~"

"ရှင်"

"~~~~~~~~"

"ဟုတ်ကဲ့ ကျွန်မ အခုလာခဲ့မယ်"

အဝတ်ဗီရိုထဲက အနွေးထည်တထည်ကို လျှင်မြန်စွာ ထုတ်ယူဝတ်လိုက်လေသည်။
ပြီးနောက် တလောတကြီး အပြင်သို့ ပြေးထွက်လာခဲ့လေသည်။ ဧည့်ခန်းတွင်ထိုင်နေသော ခွန်းကိုပင် မမြင်လောက်အောင် သူမ ပြာနေလေပြီ။ မောင့်ကို စိုးရိမ်သည့် စိတ်တွေက သူမ ရင်ဝကို တက်ဆောင့်နေလေပြီ။

မောင့်မူပိုင်ဇနီးWhere stories live. Discover now