Uni
🥀အပိုင်း ၁၄🥀
"ဇေယျာ"
လေးတွဲနေသော ခြေလှမ်းများဖြင့် သူ့ ရုံးခန်းထဲ ဝင်ခဲ့ပြီး ဇေယျာ အရှေ့တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိလေသည်။
ဇေယျာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး"ဘာဖြစ်လာတာလဲ ထက်မြတ်၊ မင်းကြည့်ရတာ အားမရှိသလိုပဲ"
"ငါ့ ငါ့ ဘာလုပ်ရမှာလဲ၊ ငါ့ အမေ့ကိုလည်း နားမလည်တော့ဘူး၊ ဘာလို့ ဒီလိုလုပ်ရတာလဲကွာ၊ ငါ့ မြတ်နိုးကို ဘယ်လို တောင်းပန်ရမှာလဲ"
"နေပါဦး ၊ အခု ဘာတွေ ဖြစ်နေတာလဲ"
ဇေယျာသူ့ကို စူးစမ်းသလို ကြည့်ပြီး မေးလေတော့ ထက်မြတ် ဆံပင်တွေကြားကို လက်ထိုးထည့်ကာ
"အမေ အမေ့ ငါ့ကို ပျိုခင်နဲ့ အတင်းလက်ထပ်ခိုင်းနေတယ်၊ သတင်းစာထဲပါ ထည့်ကြေငြာတယ်ကွာ၊ ငါ ငါ မြတ်နိုးကိုပဲ ချစ်တယ်၊ မြတ်နိုးက လွှဲရင် ငါ့ ငါ့ ဘယ်သူကိုမှ လက်မထပ်နိုင်ဘူး၊ ပြီးတော့ ငါ့ရဲ့ တရားဝင်ဇနီး တစ်ယောက်အဖြစ် မြတ်နိုးကလွှဲရင် ဘယ်မိန်းမ ကိုမှ လက်မခံနိုင်ဘူး"
"သူငယ်ချင်း"
ဇေယျာ ထက်မြတ် ပခုံးကို အသာပုတ်လိုက်ပြီး
"ငါ့တို့ မြတ်နိုးဆီလိုက်သွားပြီး အရင်အဆင်ပြေအောင် ညှိရမယ်၊ ကျန်တဲ့ ကိစ္စနောက်မှ ရှင်းကြမယ်"
"ငါ့လဲ သွားမလို့ဘဲ ၊ဒါပေမယ့် မြတ်နိုးကို ရင်ဆိုင်ဖို့ ငါ့ သတ္တိမရှိဘူး၊ ငါ ငါ"
ဇေယျာ တစ်ယောက် ထက်မြတ်ကို ဆွဲထူလိုက်ပြီး
"ဟျောင့် အရှုံးသမား ပုံစံလုပ်မနဲ့နဲ့ ၊ သွားမယ်၊ ဘယ်မှ သူ့ မသွားလောက်ဘူး၊ မန္တလေး အိမ်မှာပဲ နေမယ်၊ ငါ့ လိုက်ခဲ့မယ်"
အခက်အခဲတွေ ကြုံလာတိုင်း သူ့ ဘေးမှာ ရှိပေးနေတတ်သည့် အကောင်းဆုံး သူငယ်ချင်းကို ပြပါဆိုလျှင် ဇေယျာ ရယ်ပါ။
🥀🥀🥀"ပျိုခင်"
"ဘာပြောချင်လို့လဲ ဝါနု"
စားပွဲပေါ်တင်ထားသော လ္ဘက်ပန်းကန်ကို လှမ်းယူရင်း ပျိုခင် မေးလိုက်လေတော့
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း