Uni
"မောင့်မူပိုင်ဇနီး"
🥀အပိုင်း ၈🥀
မောင် နှင့် မြတ်နိုး အချစ်ဘဝခရီးက မောင့်ရဲ့ အရင်လို နွေးထွေးအေးမြသည့် အချစ်တွေကြားမှာ နွေးထွေးအေးမြခဲ့လေသည်။
"မိန်းမ မောင့် အလုပ်သွားမယ်နော်၊ အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တာ မောင်စိတ်မချဘူးနော်"
မြတ်နိုး နှုတ်ခမ်းပါးလေးကို တွန့်ရုံမဲ့လိုက်ပြီး
"မောင်ရယ် မြတ်နိုး ကလေးမဟုတ်တော့ပါဘူး"
"အဲ့ ကလေးမဟုတ်တာလေးကိုပဲ မောင်က အချစ်ပိုနေရတာလေ"
"ဟွန့် မောင်ကတော့ ပိုပြီး"
နှုတ်ခမ်းလေး ဆူထော်ကာ ပြောလာသည့် သူမ ပုံစံလေးက ချစ်စရာလွန်စွာ ချစ်စရာကောင်းနေလေသည်။
"မြတ်နိုးရယ် မင်းဘာလို့များ ချစ်စရာကောင်းနေရတာလဲကွာ"
သူ့ နှုတ်ဖျားမှာ တီးတိုးရေရွတ်ပြီး ဇနီးသည်၏ နံဖူးလေးကို နမ်းရှိုက်လိုက်လေသည်။
သူ့ မြတ်နိုးလှသော သူမကို နူးညံ့ညင်သာသော ချစ်ခြင်းတွေကို နေစဉ်အမြဲ ဖန်တီးပေးဖို့ ရည်ရွယ်ရင်း~~~~။
🥀🥀🥀"ဟယ် အမေ လာတာလား"
မြတ်နိုး ဆိုသည့်မှာ ယောက္ခမလည်း အမေ ဟု သတ်မှတ်ထားသဖြင့် မိခင် အရင်းသဖွယ် တလေးတစားဆက်ဆံလေသည်။
ဒေါ်ရူပါခင်လည်း မျက်နှာကို အပြုံးတုတြွေဖင့် ဖုံးကွယ်ရင်း"အေး သမီးရယ်၊ လမ်းကြုံလို့ ဝင်လာတာကွယ်၊ ဒါနဲ့ သားဘယ်မှာလဲ"
ဆိုဖာပေါ်မှာဝင်ထိုင်ရင်း မေးလေတော့ မြတ်နိုး ဒေါ်ရူပါခင် အရှေ့တွင် ဝင်ထိုင်လိုက်ပြီး
"အလုပ်သွားပြီလေ အမေ"
"အေး အမေ သမီးကို ပြောစရာရှိတယ်"
မြတ်နိုး မျက်နှာကို အကဲခက်သလို ကြည့်ရင်း ပြောလေတော့
"ဟုတ်ကဲ့ ပြောလေ အမေ"
ဒေါ်ရူပါခင် ဆက်ပြောလိုက်သည့် စကားက
"သမီးအနေနဲ့ ကလေးမရနိုင်ဘူး ဆိုတော့ အငှါးကိုယ်ဝန်ဆောင် ငှါးပါလား၊ သားကို ကလေးမရခင် အထိ ငှါးထားတဲ့ မိန်းကလေးနဲ့ အတူနေခိုင်းရုံပါပဲ"
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း