11 U/Z

1.2K 17 0
                                    

Uni

"မောင့်မူပိုင်ဇနီး"

🥀အပိုင်း ၁၁🥀

မြတ်နိုး နှင့် သူ ပြသနာတွေ ဖြစ်ပြီးကတည်းက စကားသိပ်မပြောဖြစ်ခဲ့ကြပေ။ သူကလည်း သူအပြစ်နှင့် သူမို့ မြတ်နိုးကို ခပ်ငေးငေးလေးကြည့်နေရုံမှ လွှဲ၍ သူ့ ဘာတစ်ခုမှ မတက်နိုင်ပေ။

သူ့ အလုပ်ကိုလဲ မသွားဖြစ်သလို ထင်ရာစိုင်းပြီး  လုပ်ချင်ရာလုပ်မည့်ဟု ကြွေးကြော်ထားသော မြတ်နိုး အနားမှ တစ်စက်ကလေးပင် မခွာမိပေ။  အနားကပ်ပြီး နေဖြစ်လာဆိုတော့လည်း မနေဖြစ်ပေ။ ခပ်လှမ်းလှမ်းမှ နေ၍ သူမရဲ့ အရိပ်အခြေကို ငေးကြည့်ရတာလဲ အမော။

ဟူး~~~တကယ်ကိုမလွယ်တာပါ။ 

"အစ်မရှိလား"

"ဟင် ခွန်းစစ်သည်"

ခွန်းစစ်သည် ခြံထဲဘယ်လိုရောက်လာလေသလဲ သူမသိလိုက်ပေ။ ကိုယ့် အတွေးနှင့်ကိုယ် ပြာယာခက်နေသောကြောင့်ပင်။

"ဟယ် မောင်လေး"

အိမ်ရှေ့မှ အသံတွေ ကြားလိုက်ရသဖြင့်  ဟင်းချက်နေရာမှ အပြင်ထွက်လာတော့ တွေ့လိုက်ရသော မောင်ဖြစ်သူကြောင့် အတိုင်းမသိ ကြည်နူးမိလေသည်။ မတွေ့ရသည့်မှာ  ၄နှစ်မျှ ရှိပြီမဟုတ်လား။

"အမလေး ကြည့်ကောင်းလာလိုက်တာ အရပ်အမောင်းက အစ၊ ငါ့မောင်က တကယ် လူကြီးဖြစ်နေပြီပဲ"

မောင်ဖြစ်သူကို ပြေး၍ ပွေ့ဖက်ကာ ပြုံးရင်း စကားတွေ ပြောနေမိလေသည်။ ထက်မြတ်ကတော့  မောင်နှမ နှစ်ယောက်ကို ကြည့်ပြီး ယောင်ယောင်လေး ပြုံးနေမိလေသည်။

ခွန်းစစ်သည်ကတော့ အပြုံးအရယ်မရှိ။ မင်းထက်မြတ် ကိုသာ စူးစူးစိုက်စိုက်ကြည့်ပြီး

"ကျွန်တော် အစ်မကိုလာခေါ်တာ"

"ဟင်"

"ဘာကွ"

မောင်ဖြစ်သူ၏ စကားကြောင့် မြတ်နိုး မျက်ဝန်းလေးဝိုင်းစက်သွားရသလို ထက်မြတ်သည့်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားရလေသည်။  ခွန်းကတော့ သူ့လက်ကို ဆုတ်ကိုင်ထားသော အစ်မဖြစ်သူ၏ လက်အား ပြန်လည် ဆုတ်ကိုင်လိုက်ပြီး

မောင့်မူပိုင်ဇနီးWhere stories live. Discover now