5 U/Z

231 22 1
                                    

Uni

"မောင့်မူပိုင်ဇနီး"

🥀အပိုင်း ၅🥀

"အား ကျွတ် ကျွတ်"

"ကိုကို ဘယ်လိုလုပ်လိုက်တာလဲ"

ဖင်ထိုင်ရက်ကျသွားသဖြင့် နာကျင်သွားသော တင်ပါးကို ပွတ်ရင် မေးလိုက်တော့

"တွန်းလိုက်တာလေ မမြင်ဘူးလား၊ ရော့ မင်း ခန္ဓာကိုယ်ကို လုံခြုံအောင် အရင်လုပ်လိုက်"

သူ့ အနားရှိ သူမ ချွတ်ပစ်ခဲ့သော အင်္ကျီအား သူမကို ပစ်ပေးလိုက်သူက ထက်မြတ်ပင်။ ပျိုခင် အင်္ကျီလေးကို သေသေချာချာ ပြန်ဝတ်လိုက်ပြီး

"ကိုကို ပျိုခင် ပျိုခင်လေ"

ထက်မြတ် သူမကို ခပ်စိမ်းစိမ်းကြည့်ပြီး

"sorry ပဲ ပျိုခင်၊စိတ်ကစားခဲ့စဥ် ခဏပဲမို့ မင်းနဲ့ ငါ့ ဇာတ်လမ်း ဒီမှာ ပျက်ပြီ၊ မင်း ငါ့ကို ဒီလိုပုံစံတွေနဲ့ မြူဆွယ်နေလည်း အလကားပဲ ပျိုခင်"

"ကိုကို"

စကားအဆုံးတွင် နောက်ကျိနေသော ခေါင်းကို ဟန်ပါပါထိန်းရင်း သူ့ ထွက်ခဲ့လေသည်။ အပြင်ရောက်မှ သူငယ်ချင်း ဖြစ်သူ ဇေယျာမောင်ကို ဖုန်းဆက်ခေါ်ကာ အိမ်သို့ပြန်ခဲ့လိုက်လေသည်။ 

အိမ်ပြန်ရောက်တော့ မူးနေသည့် အရှိန်နှင့် သူ အိပ်ပျော်သွားလေတော့သည်။

"လွမ်းတယ် မြတ်နိုး၊ မင်း မရှိမှ မင်းကို မောင့် မရှိမဖြစ်လိုအပ်နေပြီဆို သိလိုက်ရတယ် မောင့် အချစ်ရယ်"
                                    🥀🥀🥀

မြတ်နိုး မန္တလေးကို ပြန်ခဲ့သည့်မှာ ၁ပတ်ပြည့်တော့မည်။ နေစိမ့်သူကြီး။ ရက်စက်သူကြီး။ မြတ်နိုး မရှိသည့် အချိန်သူက တစ်ယောက်ထဲ နေနိုင်သည့်တဲ့လား။ သူမ မှာတော့ သူ့ကို လွမ်းရသည့် ရက်တွေအတွက် နေသားမကျနိုင်ခဲ့ပေ။

"သမီး ဘာတွေ စဥ်းစားနေတာလဲ"

မြတ်နိုး တစ်ယောက်ထဲ အိမ်ရှေ့မှာ ခပ်ငေးငေးလေး  ထိုင်နေစဥ် နောက်ပါးဆီမှ မေမေ့ အသံကြောင့်

"ဘာမှမဟုတ်ပါဘူး မေမေရယ်၊ ဒီလိုပဲ ဟိုတွေးဒီတွေးပဲ"

"သမီး"

မောင့်မူပိုင်ဇနီးWhere stories live. Discover now