7 U/Z

1.5K 15 0
                                    

Uni

"မောင့်မူပိုင်ဇနီး"

🥀အပိုင်း ၇🥀

မေမေ အိမ်မှာမရှိသဖြင့် မြတ်နိုး တစ်ယောက်ထဲ ပျင်းနေသည့် အချိန် အိမ်ထဲသို့ ဝင်လာသော လူတစ်ယောက်ကြောင့်

"ဟင် ရှင် ရှင် ထက်မြတ်"

ထက်မြတ် သူမ အနားသို့ ရောက်လာကာ

"တရှင်ရှင်နဲ့ ဘာဖြစ်နေတာလဲ မြတ်နိုး၊ သူစိမ်းတွေ အရမ်းဆန်လွန်းနေတယ်၊ မောင့် ချစ်လွန်းလို့ မောင့် မိန်းမလေး ရှိရာလိုက်လာတာကို အသည်းယားအောင် လုပ်နေတာလား ဒေါ်မြတ်နိုးမေ"

"အဟွန့်"

နှုတ်ခမ်း နှစ်လွှာကို တွန့်ရုံမဲ့လိုက်သူက မြတ်နိုးပင်။

"ရှင် ကျွန်မကို တကယ်မချစ်ပါဘူး"

"မြတ်နိုး"

"အို ရှင်"

သူ့ မြတ်နိုးခန္ဓာကိုယ် နွေးနွေးလေးကို ပွေ့ဖက်လိုက်စဥ် မြတ်နိုးကြောင်သွားကာ သူ့ ရင်ခွင်မှ မရုန်းဖယ်မိတော့ပေ။

"မောင့် ပြောတာခဏတော့ နားထောင်ပေးနော်၊ မောင် မောင် မှားခဲ့ပါ၊ မောင့် ချစ်ရတဲ့ ဇနီးကို ပစ်ပြီး အခြားမိန်းမတစ်ယောက်နဲ့ သာယာမိပါတယ်၊ ဒါပေမယ့်လေ မောင် သူ့ကို ကိုယ့်ထိလက်ရောက် ဘာတစ်ခုမှ မပြုမှုခဲ့သလို ယုတ်ဆွအဆုံး ကိုယ့် သူနဲ့ အတူနေဖို့ ကြုံလာခဲ့တာတောင် ကိုယ့် မနေခဲ့ဘူး၊ ဘာလို့လဲ သိလား၊ ကိုယ့်မိန်းမ မဟုတ်တဲ့ ဘယ်သူနဲ့မှ မပတ်သတ်ချင်လို့ပဲ၊ သွေးသားဆန္ဒအရလည်း မဖလှယ်ချင်ဘူး၊ မှန်သော စကားကို ဆိုပါဆို မောင့် မြတ်နိုးကို ချစ်လို့ မောင့် စောင့်ထိန်းခဲ့တာပဲ မြတ်နိုးရယ်၊ မောင့်ကို ယုံပါ၊ နောက် အခါ ဒီလိုအမှားမျိုး မကျူးလွန်တော့ပါဘူး မောင့် အချစ်ရယ်"

"မောင်"

မြတ်နိုး မောင့်ရင်ခွင်တိုးဝင်ကာ မောင့်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိလေသည်။ မောင်  မြတ်နိုးအပေါ်ထားတဲ့  ချစ်ခြင်းတွေ မပြောင်းလဲသေးသည့်ကို သိရတော့ မြတ်နိုး ရင်ထဲ ကြည်နူးမိလေသည်။

မြတ်နိုး ချစ်မြတ်နိုးရသည့် ထိုလူသားကို မြတ်နိုး ကိုယ်တိုင်က မစွန့်ပယ်နိုင်သည့်မို့ မြတ်နိုး နှလုံးသား၏ စေစားရာ အတိုင်း လိုက်နာဖို့ အသင့်ပေ။

မောင့်မူပိုင်ဇနီးWhere stories live. Discover now