7

490 49 7
                                    

Unicode

"ကဲ cheers"

"နည်းနည်းပဲသောက် ဟုတ်ပြီလား မနက်ကျခေါင်းမူးနေလိမ့်မယ်"

ကမ်းခြေတစ်ခုတွင် Jisoo, Jennie, Irene နဲ့တခြားကောင်မလေး2ယောက်က မနက်ဖြန်အတွက် အောင်ပွဲခံနေကြသည်ဖြစ်သည်

မနက်ဖြန်ဆို17ရက်နေ့ရောက်ပါပြီ ပုံမှန်ဆိုJenအများကြီးသောက်လျှင် မူးပြီးမနက်မထတာလွဲလျှင် ဘာမှမဖြစ်တာမလို့သောက်ခိုင်းသည် ဒါကတော့မနက်ဖြန်ပွဲရှိတာမလို့ နည်းနည်းပဲသောက်ခိုင်းတော့တယ်

"အွန်းပါ"

မကြာပါဘူး Jennieမူးလာသည် ဒီတစ်ခေါက်မှထူးထူးဆန်းဆန်း ရင်ထဲပူနေပြီး အန်ချင်သလိုဖြစ်လာသည်

"ဒီတစ်ခေါက်ဟာကပြင်းတယ်နော်"

"ဘာလို့လဲ နေမကောင်းဘူးလား"

ပြောပြီး ထိုင်ရာကထလိုက်သည့် Jennie ကို Jisoo ကမေးပြီးမော့ကြည့်လိုက်သည် Jennieဟာ နားထင်ကိုနှိပ်ပြီး မျက်စိကိုမှိတ်ထားသည်

"အွန်း အန်ချင်သလိုလိုကြီး"

"သွားအန်မလား ငါလိုက်ခဲ့ရမလား"

"ဟင့်အင် ရတယ်ရတယ် ကိုယ့်ဘာသာသွားလိုက်မယ် ဒီနားလေးပဲ"

Jennieဟာ ဖိနပ်စီးပြီးထွက်ခဲ့သည် သဲပေါ်မှာဖျာခင်းပြီးထိုင်ခဲ့ရုံမလို့ ခြေထောက်မှာလဲသဲတချို့ကပေနေသေးသည်

Jennieက ယိုင်ထိုးယိုင်တိုင်နဲ့လမ်းလျှောက်လာခဲ့ပြီး ကမ်းခြေနဲ့အတော်ဝေးသည့်နေရာရောက်လာသည် ဒါမှလဲသန့်ရှင်းမှာကိုး ချောင်ကျတဲ့ တစ်နေရာရာမှာ အပြီးသတ်ခဲ့ပြီး နေလို့ကောင်းသွားတော့မှ သူရောက်နေတဲ့နေရာကိုပြန်ကြည့်မိသည်

လူသွားလူလာသိပ်မရှိတဲ့ လမ်းကြားထဲမှာဖြစ်သည် Jennie ခဏလောက်ထိုင်ချလိုက်ပြီး နားထင်ကိုခဏခယလောက် အမူးပြေလိုပြေညားနှိပ်နေလိုက်ရော ခဏနေတော့ လူတွေပြေးလာသည့်အသံကိုကြားရသည် အသံကJennieဘက်ကိုပြေးလာတဲ့အသံဖြစ်သည် အဲ့ဒီဖိနပ်အသံမှာ 6-7ယောက်လောက်ပြေးလာသည့်အသံဖြစ်သည်

"ဟင်"

Jenကလန့်ဖြန့်ပြီး ထလိုက်မိ၏ ဖိနပ်သံတွေကတစ်ဖြေးဖြေးနီးကပ်လို့နေသည် Jenရဲ့စိတ်ထဲ ဘဝင်မကျသလိုခံစားနေရတာရယ် ဒါပေမဲ့လဲစိတ်ပူစရာတော့မရှိပါဘူး အမေရိကန်လောက်လုံခြုံတာ အမေရိကန်ပဲရှိတာကိုး

LocoWhere stories live. Discover now