14

423 35 0
                                    

Unicode

အောက်ပိုင်းကနာကျင်စွာဖြင့် Jenနိုးလာခဲ့သည် အဝတ်လဲမပါတာတောင် တစ်ညလုံးနွေးနေတာမို့ မနက်ကြမှ Lisaရင်ခွင်ထဲရောက်နေတာသိလိုက်ရသည် အဲ့တာကိုသတိထားမိတော့မှ Jenက Lisaရင်ခွင်ထဲကထွက်ပြီး ထဖို့လုပ်တော့သည်

"အာ"

အောက်ပိုင်းကအနည်းငယ်နာတာကြောင့် Jenညည်းမိတော့အခါ Lisaကအိပ်ချင်မူးတူးဖြင့်ထလာသည်

"နိုးပြီလား"

"အင်း"

ထိုတစ်လုံးသာပြန်ဖြေကာ ကြမ်းပြင်ပေါ်ကunderwearကိုကောက်ပြီး Jenဝတ်လိုက်သည် Braကတော့မဝတ်‌တော့ပါ။ Underwear ကိုတော့အရှက်ပြေဝတ်ထားတာပါ ရေသွားချိုးမှာမလို့ထလိုက်တော့ Lisa ကလဲအိပ်နေရာကထလာသည်

"ရေချိုးမလို့လား ကိုယ်လိုက်ပို့မယ်"

"ကျွန်မကိုယ့်ဘာသာပဲသွားမယ်"

Jenက Lisaထပ်အရင်အိပ်ယာပေါ်ထလိုက်ကာ ‌ရေချိုးခန်းထဲဝင်သွားတော့သည် Lisaမှာတော့ လိုက်ပို့မလို့လုပ်နေတာတောင် အိပ်ယာပေါ်မှာကျန်ခဲ့ရသည်

"အမုန်းမပြေသေးဘူးလားမသိဘူး"

Lisaဝမ်းနည်းသွားပေမဲ့ Jenပြန်ချစ်ဖို့မတောင့်တပါ။ ပြန်ချစ်ပေးရင်‌‌တော့ လိုလိုလားလားလက်ခံမည် ဒါပေမဲ့ပြန်မချစ်လျှင်လဲ အနားမှာပဲထားမည်

Lisaအတွက်ကJenသူ့နားမှာရှိနေရင်ရပါပြီ ရင်အုပ်မကွာထားချင်တာပဲရှိတာ Jenပြန်ချစ်ချစ် မချစ်ချစ်ကသူ့အတွက်အရေးမပါလှပါ။

ရုတ်တရက်ကြီး ဘယ်နှစ်နာရီရှိပြီလဲသိချင်လို့ ကုတင်ဘေးကဖုန်းကိုကြည့်တော့ 5နာရီသာသာပဲရှိသေးသည် Jenအအေးပတ်မှာစိတ်ပူပေမဲ့ ဟိုကအခုချိုး‌နေလိုက်ပြီ ဒါနဲ့ပဲအင်္ကျီဝတ်လိုက်ကာ အောက်ဆင်းတော့သည်

"Chaeyoung? အိပ်ရေးမဝသေးဘူးလား"

Lisa ကအောက်ထပ်ကိုဆင်းလာပြီး မီးဖိုခန်းထဲကိုဝင်‌တော့ မျက်ကွင်းမသိမသာညိုနေတဲ့Rosé ဟာ ကော်ဖီဖျော်နေတာဖြစ်သည် Lisa မေးတော့လဲ Lisa ကိုစူးစူးစိုက်စိုက်ပဲကြည့်နေ၏

"နင်တို့လုပ်တာနင်တို့သိတယ်မလား"

Lisaကရယ်ပြီး Rosé ပုခုံးကိုရိုက်လိုက်လဲ Rosé ကတကယ်စိတ်မကြည်ဘူးထင်သည် မရယ်ပဲမျက်စောင်းသာထိုးနေ၏ Lisaကလဲအင်တင်တင်ကြီးဖြစ်လာတာမလို့ Rosé ကိုပြန်အိပ်ခိုင်းလိုက်ပေမဲ့ Rosé ကအိပ်မပျော်တော့ဘူးတဲ့

LocoWhere stories live. Discover now