8

393 52 8
                                    

စေ့စပ်ပွဲရှိရာအခမ်းအနားနေရာမှာ လူတွေအပြည့် နဲ့ အကုန်ပြည့်စုံနေပေမဲ့ မရှိတာက သမီးရှင်နဲ့ သမီးရှင်မိဘတွေသာဖြစ်သည် လူတွေကထိုင်နေကြပေမဲ့ ဘယ်ကာယံကံရှင်မှမထွက်လာလို့ စိတ်များထင့်နေကြသည်

အခမ်းအနားအပြင်က Jisooဟာ ခမ်းမထဲကလူအပြည့်ကိုကြည့်ပြီး ရင်လေးသွားရသည် ပြန်လှည့်ထွက်လာပြီး ကားပေါ်ပြန်တက်ကာ သူတို့နေအိမ်ကိုအရှိန်တင်မောင်းတော့၏။

အိမ်နားရောက်သောအခါ သူ၏မိဘတွေကစောင့်လို့နေသည် မျက်နှာပေါ်မှာလဲ အပြုံးတွေအစား ပူပင်သောက‌တွေပဲကပ်လို့နေသည်

"မရဘူးDaddy တစ်ခုခုလုပ်မှဖြစ်မယ်"

"ကျစ် ဘာလုပ်ရမလဲ"

ထိုအချိန် Mr.Jane ၏ဖုန်းဝင်လာသည် သမက်လေးဆိုသည့် Contact Nameနဲ့လူမလို့ ဖုန်းကိုင်လိုက်ပေမဲ့ အားလုံးဟာရင်တမမနဲ့။ ကောင်းသောအဖြေကိုပဲ အားလုံးမျှော်နေမိသည်

"ရှာတွေ့လား Jennieကို"

"ဟင့်အင် ကျွန်တော်စိတ်တွေပူလာပြီဗျာ တခြားအလုပ်သမားတွေကိုရော ကျွန်တော်ကိုယ်တိုင်ပါရှာနေတာ အခုထိမတွေ့သေးဘူး"

ညတည်းကပျောက်သွားတာမလို့ တစ်ခုခုဖြစ်သွားလား အကုန်လုံးစိတ်ပူနေကြသည် စေ့စပ်ပွဲကနောက်ထားလိုက်ပြီး အသက်ရှင်မရှင်ကိုပဲသိရအောင် လိုက်ရှာနေကြပေမဲ့ သူတို့ရှာနေကြတဲ့ မိန်းမငယ်လေးဟာ အစွန်းအစတောင်ရှာမရ။

"ရဲတွေကရော တွေ့ကြပြီလား"

"သူတို့လဲ ကျွန်တော်တို့လိုပါပဲ"

Jisoo နဲ့ Mrs.Janeဟာ သက်ပျင်းအရှည်ကြီးချလိုက်သည် အခုလုပ်ဖို့ဟာက Jisoo ခမ်းမကိုပြန်သွားဖို့ပါပဲ သူ့ရဲ့လက်ပတ်နာရီကိုကြည့်လိုက်တော့ မနက်9နာရီ15မိနစ်ဖြစ်နေပြီလေ

ကားကိုခပ်မြန်မြန်မောင်းခဲ့ကာ ခမ်းမထဲသို့ တုန်တုန်ရီရီဝင်သွားလိုက်ပြီး ဘုန်းတော်ကြီးနေရာမှာ နေရာယူကာ MICကိုဆွဲကိုင်လိုက်ပြီး အသံပေးလိုက်သည်

"Hello ကျွန်မက သမီးရှင်ရဲ့အစ်မဖြစ်တဲ့ Kim Jisoo ပါ ကြွရောက်လာသော လူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ် ပြီးတော့လဲ အနူးအညွန့်တောင်းပန်ပါတယ်"

LocoWhere stories live. Discover now