21

456 58 10
                                    

Unicode

ဘာလိုလိုနဲ့ အိမ်ရောက်လာသည်။ အိမ်ရောက်လာတော့လည်း မိဘနှစ်ယောက်က guest room ထဲဝင်သွားသည်။ နောက်က Lisa တို့ကတော့ luggage တွေကားနောက်ခန်းထဲကနေ ကူပြီးအိမ်ထဲယူပေးရတာ‌ပေါ့

"Chaeyoung-a"

Lisaက Rosé ကိုခေါ်တော့ Luggage ကိုဆွဲယူပြီး အိမ်‌ထဲကိုဝင်တော့မလို့လုပ်နေတဲ့ Rosé ကပြန်လှည့်ကြည့်သည်။ Jennie လဲလှည့်ကြည့်လိုက်မိ၏

"Wae?"

"ဘယ်လိုလုပ်မလဲ"

"ဘာကိုလဲ"

Korean နဲ့ပြောနေတာမလို့ Jennie ဒီအထိပဲနားလည်တော့သည်။ နောက်တော့ သူတို့နှစ်ယောက်ဟာ Jenနားမလည်တဲ့ အသုံးအနှုန်းတွေနဲ့ Jenမသိတဲ့အကြောင်းအရာတွေ စတင်ပြောတော့၏

"အစကငါတို့ မနက်ဖြန်ပဲပြန်တော့မလို့လုပ်ထားတာလေ"

အစတော့ အလုပ်တွေကိုဒီအတိုင်းပစ်ထားလို့မရလို့ Lisaမေးလိုက်တာရယ်ပါ။ ဘာမှမတတ်နိုင်တာကိုလဲ Lisaသိပါသည်။

"ဘယ်တတ်နိုင်မလဲ ဟိုရောက်မှအလုပ်တွေစုပြုံလုပ်ရမှာပေါ့ Daddy နဲ့ Mommy ရောက်တုန်းလေး နီးနီးနားနားအလည်သွားရအောင်လေ"

"အင်းပါ"

Rosé ဟာ သူ့ဘေးကLuggage ကြီးကို ဆွဲယူပြီး အိမ်ထဲပြန်ဝင်သွားသည်။ Lisaလဲကားပေါ်ကတစ်ခုသာကျန်တော့တဲ့ Luggage တစ်ခုကိုသာယူလိုက်ပြီး အိမ်ထဲဝင်ဖို့လုပ်နေချိန် Jen ကြောင့်ရပ်တန့်သွားရသည်

"သူနဲ့ဘာအကြောင်းပြောတာလဲ"

ပုံမှန်ဆို Jenကဒီလိုမမေးတတ်ပေမဲ့ အခုကြ မျက်လုံးအဝိုင်းသားနဲ့မေးနေတာကြောင့် သူဘယ်လောက်သိချင်လဲဆိုတာ မြင်တွေ့နိုင်သည်။ Lisaနဲ့နေသားကျလာတာလား သိချင်စိတ်ပြင်းပြရုံသက်သက်ပဲလား ဆိုတာတော့Lisaခန့်မှန်းမရပါ။

"အော် အဲ့တာလား အရေးကြီးကိစ္စတော့မဟုတ်ပါဘူး ကိုယ်တို့ကကိစ္စတွေအပြီးပြတ်ရင် မနက်ဖြန်ပြန်ဖို့လုပ်ထားတာလေ အခုတော့ ဒီမှာ3ရက်4ရက်နေရဦးမယ်ထင်တယ် ကိုယ်တို့မိဘတွေရောက်လာဆိုတော့ အဲ့တော့ Chaeyoung ကိုဒီမှာခဏနေရင်ကောင်းမလားမေးရုံပါ"

"လျှောက်လည်မလို့လား"

"အမ်း ကိုယ်မေးကြည့်ဦးမယ် ကိုယ့်မိဘတွေစိတ်ပါရင်သွားမှာပေါ့"

LocoWhere stories live. Discover now