20

475 53 2
                                    

Unicode

နောက်နေ့မနက်ကြတော့ Jenနှင့် Lisaဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတော့သည်။ Jennieညက Lisaကိုနမ်းခဲ့လားဆိုတာကတော့ Jenကိုယ်တိုင်ပဲသိလိမ့်မည်။ ဒါပေမဲ့လဲအခုအိပ်ပျော်နေတယ်ဆိုတော့ အမ်း နမ်းခဲ့တာဖြစ်နိုင်လောက်ပါတယ်

လက်ရှိအခြေအနေမှာတော့ နှစ်ယောက်လုံးဟာအိပ်မောကျနေသည်။ မိုးတွင်းဝင်လာတာမလို့ မအေးတအေးဖြစ်နေတဲ့ ရာသီဥတုကြောင့် စောင်လေးပါခြုံနေလျက်ဖြစ်သည်။  အိပ်လို့ကောင်းတာပေါ့။

မနက်5နာရီ အိပ်မက်မက်လို့ကောင်းနေတဲ့ အချိန်ဖြစ်တာကြောင့် နှစ်ယောက်လုံးလဲနိုးမဲ့ပုံမပေါ်ပါ။ Jen ကလဲLisaကိုကျောပေးထားသလို Lisaကလဲ Jennie ရဲ့ခါးလေးကိုဖက်အိပ်နေပါသည်။ Jen သတိမထားမိ‌လို့ပေါ့ သတိသာထားမိရင် ချက်ခြင်းအိပ်ယာထဲကထွက်သွားတော့မှာ

အခုအချိန် ကြားနိုင်တဲ့အသံဆိုလို့ Jenနဲ့ Lisaတို့ရဲ့ တည်တည်ငြိမ်ငြိမ်အသက်ရှူသံနှင့် အပြင်ထွက်လိုက်ရင် ကြားနိုင်မဲ့လေပြေညှင်းတိုက်ခတ်သံတို့ပဲဖြစ်ပါသည်။ ဒီလောက်ထိ အေးချမ်းအဆင်ပြေနေတာဟာ Rosé တစ်ယောက် အခန်းထဲကို တံခါးတောင်မခေါက်ပဲ ဒုန်းဆိုင်းဝင်လာတဲ့အချိန်ပေါ့

"Ya ya, Jennie ya, Lisa ya ထတော့ ထ ထ"

Rosé တစ်ယောက်တော့ကြမ်းပါပြီ။ Lisaတို့အခန်းထဲဝင်ပြီး စောင်တွေကိုဆွဲကုန်ပြီ။ ဘာဖြစ်လို့ဖြစ်မှန်းလဲမသိ။ အိပ်နေတဲ့နှစ်ယောက်ဟာ Rosé အသံကြောင့်နိုးလာကြသည်။

နှစ်‌ယောက်သား အိပ်ချင်မူးတူးနဲ့ခေါင်းထောင်လာကာ Rosé ကိုစိတ်ရှုပ်နေတဲ့အကြည့်နဲ့ အိပ်ချင်တာရယ်ပေါင်းပြီး ကြည့်လာသည်။ Rosé ကလဲအခုထိညအိပ်ဝတ်စုံကိုမလဲရသေးပါ။ ကြည့်ရတာအခုမှထလာတာထင်တယ်

"Chaeyoung? ဘာလို့လဲ"

Lisaဟာ အာရုံနောက်သည့်ပုံစံနှင့် မေးသောအခါ Rosé ကစိတ်မသက်မသာတဲ့ပုံစံနဲ့ပြန်ဖြေသည်

"ငါတို့လေဆိပ်ကိုသွားဖို့လိုပီ Mommy တို့နောက်တစ်နာရီခွဲအတွင်းမှာ ဒီရောက်တော့မှာ"

"ဟမ်?"

Lisaထထိုင်မိလိုက်သည်။ ခေါင်းကိုကုတ်လျှက်ပေါ့။

LocoWhere stories live. Discover now