Part 2 ( Zawgyi )

527 15 0
                                    

"အယ် ဟို ဟိုလေ ဦးတရုတ်ကြီး မနေ့ညက ကျော်သူရပိုင် ကျွန်တော့စက်ဘီးကိုဦးတရုတ်ကြီးဆီမှာ ထားခဲ့တယ်ပြောလို့ ပြန်လာယူတာပါဗျ"

"ဘယ်လို! အဲ့ကောင်အဲ့လိုပဲပြောလား"

"ဟုတ်ကဲ့ဗျ အဲ့တာကျွန်တော့စက်ဘီးလေးပြန်ယူသွားလို့ရမလားဗျ"

"ပြန်ယူလို့ဘယ်ရမလဲ ကျော်သူရပိုင်က အဲ့စက်ဘီးကို ၁၅၀၀ တန် ပဲနီလေး ၁၅ ထုတ်နဲ့လဲသွားတာကွ"

"ဗျာ!"

"အေး ငါလဲမင်းစက်ဘီးမှန်းဘယ်သိမှာတုန်း ဒါပေမယ့် ပြန်ပေးလို့တော့မရဘူးကွာ မင်းတို့ကောင်တွေ တရုတ်ကြီးကို မလိမ့်တပတ်တော့လာမလုပ်နဲ့ကွ"

"ဟာ အဲ့လိုတော့မလုပ်ပါနဲ့ ဦးတရုတ်ကြီးရာ ကျွန်တော် ပဲနီလေး၁၅ထုတ်အတွက် ပိုက်ဆံပြန်ပေးပါ့မယ် အဲ့တာကြောင့် ကျွန်တော့စက်ဘီးလေးတော့ပြန်ပေးပါ"

မက္ခရာကထိုသို့ပြောတော့ ဦးတရုတ်ကြီးက တစ်ခဏငြိမ်သက်သွားကာ...

"အေး ပြီးရောကွာ ဒါဆိုပိုက်ဆံအရင်ပေး ပြီးရင်မင်းစက်ဘီးငါသွားထုတ်ခဲ့ပေးမယ်"

"အာ ဟုတ်ကဲ့ ဒီမှာပါခင်ဗျ"

တရုတ်ကြီးလို့မပြောရဘူး။ သူ့ပိုက်ဆံတော့တစ်ပြားမှအပါမခံနိုင်သဖြင့် ဦးတရုတ်ကြီးက မက္ခရာပေးသည့် ပိုက်ဆံ ၂၂၅၀၀ ကိုတစ်ရွက်ချင်းရေကာသေချာစစ်လေသည်။ ထို့နောက်မှ သူ့ဆိုင်ထဲပြန်ဝင်သွားကာ သူ၏ဆိုင်အနောက်ဘက်မှ မက္ခရာ၏ စက်ဘီးလေးကိုထုတ်လာပေးသည်။

"ဒီမှာမင်းစက်ဘီး နည်းနည်းသန့်ရှင်းထားပေးထားတယ် ဘာမှထပ်ဝယ်စရာမရှိတော့ရင်သွားတော့ ငါဈေးရောင်းရဦးမယ်ကွ"

"ဟုတ်ကဲ့ ကျေးဇူးပါ ဦးတရုတ်ကြီး"

_ီးကျော်ကြီး ပြောတော့ ဦးတရုတ်ကြီးဆီမှာပေါင်ခဲ့တာဆိုပြီး တောက်! ဒီကိစ္စကို မက္ခရာလုံးဝမကျေနပ်ဘူး။ ခုချက်ချင်း ကျော်ကြီးနားသွားပြီး အလကားကုန်သွားတဲ့ မက္ခရာရဲ့ပိုက်ဆံတွေကိုပြန်သွားတောင်းရမည်။

ထိုသို့ဖြင့် မက္ခရာ ကျော်ကြီးအိမ်ရှေ့သို့စက်ဘီးဖြင့်ရောက်ချလာကာ...

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now