Part 26 ( Zawgyi )

184 4 0
                                    

"ဒယ်ဒီ ဖားသား ဖေဖေ ယောက္ခထီးကြီးကဘာတဲ့လဲဟင်"

"မျက်ခွက်မပြောင်နဲ့ ကျော်သူရပိုင် မင်း သားမက္ခရာမှမဟုတ်ရင် တကယ်မဖြစ်ဘူးလားကွာ"

"တကယ်မဖြစ်လို့ပါ ဖေဖေရာ သားကိုကူညီပါ အခုနောက်ပိုင်း ယောက္ခထီးကြီးနဲ့ ယောက္ခမကြီးက သားကိုလုံးဝမကြည်တာ သူ့တို့သားကိုလဲထိရော အချိုးတွေပြောင်းသွားလိုက်တာ အရင်ဆို အန်တီလေးနဲ့ဦးလေးကသားကိုအရမ်းချစ်တာ ဖေဖေတို့လဲသိရဲ့သားနဲ့"

"မင်းကလဲမင်းပါပဲကွာ ဘယ့်နှယ်ကြိုက်စရာရှားလို့ ငါ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့သားကိုမှသွားပြီးကြိုက်ရတယ်လို့ ထွန်းရာကငယ်ငယ်လေးကတည်းက yes ဆို yes, no ဆို no ပဲကွ ငါကဘယ်လိုသွားပြောပေးရမှာလဲအဲ့တာ"

"ဖေဖေကလဲဗျာ ဖေဖေ့သားက မက္ခရာလေးကိုမှမရရင်သေတော့မှာလို့ပြောပေးဗျာ ယောက္ခမကြီးကသားချော့ရင်ရတယ် ဒါကြောင့် ယောက္ခထီးကြီးတော့ ဖေဖေပြောပေးနော် နော် ဒယ်ဒီ ဖားသား ဖေဖေနော်"

"ခက်ပြီကွာ ငါလဲပြောပေးလို့ရရင်ပြောပေးတယ် ဒါပေမဲ့ ထွန်းရာဆိုတဲ့ကောင်ကငါ့ခေါ်ပြီးမင်းတို့နှစ်ယောက်ဇာတ်လမ်းရပ်တန်းကမရပ်ရင် သူ့သားကိုနိုင်ငံခြားအပြီးပို့တော့မယ်လို့ပြောသွားတာ ငါကဘာဆက်ပြောရတော့မှာလဲ"

"ဗျာ! ဒါဆိုလဲရတယ်ဗျာ ယောက္ခထီးကြီးကဒီလောက်ဆတ်ဆတ်ခါပြနေတော့ သားရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးရတော့မှာပေါ့"

ပြောချင်တာပြောပြီးအိမ်ကအလျင်အမြန်ထွက်သွားတဲ့ ကျော်သူရပိုင်ကိုကြည့်ကာ ဦးသူရ ကြောင်ပြီးကျန်နေခဲ့သည်။ ကျော်သူရပိုင်ကမနက်ပိုင်းခဏအားတုန်းအိမ်ပြန်လာတာမို့ အခုဆို ဆေးရုံကိုပြန်ပြေးချိန်တန်ပြီဆိုပေမဲ့ သူနောက်ဆုံးပြောသွားတဲ့စကားရဲ့အဓိပ္ပာယ်ကိုတော့သိချင်သေးတာမို့ ဦးသူရပိုင်မရရအောင်အော်ပြီးမေးလိုက်သေးသည်။ သို့သော် အဖြေတော့မရှိ။

"ဘာနောက်ဆုံးလက်နက်လဲ ဟေ့ကောင် ဘာနောက်ဆုံးလက်နက်လဲလို့! မင်းပေါက်ကရတော့လုပ်မယ်မကြံနဲ့နော်"

"ခိုးပြေးမယ်ပြောတာရှင်ရေ ရှင့်သားကမက္ခရာလေးကိုခိုးပြေးမို့တဲ့ ဟိုကလဲ ရှင့်သားခိုးရင် ကောက်ကောက်ပါအောင်လိုက်မှာ အဲ့တော့အခုပြသာနာကအကြီးကြီး ရှင်လဲပေါ့ပျက်ပျက်လုပ်မနေနဲ့ ကျွန်မတော့သူတို့ကြောင့်သွေးပါတိုးနေပြီ"

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now