Part 17 ( Unicode )

1K 85 2
                                    

ဘာလိုလိုနဲ့အချိန်တွေကကုန်တာမြန်လိုက်တာ။ အခုဆို မက္ခရာတို့ ဆေးကျောင်းတတိယနှစ်တောင်ရောက်ခဲ့ပြီ။ ပထမနှစ်နဲ့ဒုတိယနှစ်ကတော့ သူငယ်ချင်းတွေနဲ့စာအတူတူလုပ်ပြီး အေးဆေးအောင်ခဲ့ပေမဲ့ တတိယနှစ်ရောက်တော့ စာတွေကတဖြည်းဖြည်းခက်လာသည်။

ဖြစ်ချင်တော့စာမေးပွဲကြီးနီးခါမှ မက္ခရာက ခဏခဏနေမကောင်းဖြစ်နေတာပင်။ ဒီနေ့လဲ မက္ခရာနေမကောင်းတော့ အတန်းမတက်ရပါ။ ဘယ်ချိန်ကတည်းကလဲမသိ မက္ခရာနဲ့ ကျော်သူရပိုင်က ကျောင်းကိုအမြဲလိုလိုအတူတူသွားကြတာ ၊ ဒီနေ့လဲ ကျော်သူရပိုင်က ဒီနေ့အတန်းတွေကအရေးကြီးတာမို့ ကျောင်းတူတူသွားဖို့လာခေါ်ရင်း မက္ခရာကနေမကောင်းဖြစ်နေတော့ သူပါအတန်းမတက်တော့ဘူးတဲ့။

"ဘာတွေတွေးနေတာလဲ စာကိုသေချာလိုက်ကြည့်!"

"အင်း အဟွတ် အဟွတ်"

တကယ်တော့ အခုက ကျော်သူရပိုင် မက္ခရာကိုစာပြပေးနေတာပါ။ ဒီနေ့တစ်ရက်‌တော့ အတန်းလဲမတက်ရတော့တာချင်းအတူတူ ဒီကြားထဲမက္ခရာလွှတ်သွားတဲ့စာတွေကို အချိန်ရှိတုန်း ကျော်သူရပိုင်ကပြန်ပြပေးနေတာဖြစ်သည်။

"ကျော်သူရပိုင် ငါ ခဏနားလို့မရဘူးလား ခေါင်းမူးလာလို့"

"မရဘူး မူယာမာယာ‌တွေမလုပ်နဲ့ ခဏပဲလိုက်ကြည့် ဒါပြီးရင်ပြီးပြီ"

ဟင်းးး။နေမကောင်းဖြစ်နေတာတောင် မက္ခရာမှာမနားရပါ။ တကယ်ပါ ကျော်သူရပိုင်က သူများနေမကောင်းဖြစ်လဲ သူ့ဟာသူအတန်းတက်လို့ရနေတာကို အနားလာပြီး သက်သက်အနိုင်ကျင့်နေတာပင်။

သို့ပေမဲ့ လူကိုတော့ အိပ်ရာပေါ်ပဲနေခိုင်းတာပါ။ စောင်လဲခြုံထားပေးသည်။ ပိုင်စိုးပိုင်နင်း ခေါက်စားပွဲ‌အသေးလေးကို အိပ်ရာပေါ်တင်ပြီး သူပါအိပ်ရာပေါ်ထိုင်ကာ စာပြပေးနေတာပင်။ ဘေးနားမှာလဲ သူဝယ်လာပေးတဲ့မုန့်တွေထားထားသည်။ အခုတော့မစားရသေးဘူး။ စာပြီးရင်‌တော့ကျွေးမယ်တဲ့။ ဒါကလူကိုစာလိုက်ကြည့်အောင် သူ့ရဲ့မြူစွယ်ပုံမြူစွယ်နည်းပေါ့။

အခုတော့တကယ် မက္ခရာ ခေါင်းမူးသလိုလိုဖြစ်နေတာမို့ ကျော်သူရပိုင်ပြနေတဲ့စာတွေကိုအာရုံမရပဲ သူ့သာထိုင်ကြည့်နေလိုက်သည်။ ကျော်သူရပိုင်က အခုနောက်ပိုင်း မျက်လုံးကအားမကောင်းတော့လို့တဲ့ စာလုပ်တိုင်းသူတပ်နေကြ လေးထောင့်မကျ အဝိုင်းမကျ မျက်မှန်‌လေးရှိသည်။ အခုလဲအဲ့မျက်မှန်လေးကိုတပ်ထားသည်။ ဘာလို့မှန်းမသိ ကျော်သူရပိုင်က အခုနောက်ပိုင်း မက္ခရာမျက်လုံးထဲကြည့်လို့ကောင်းနေသည်။

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now