Part 12 ( Unicode )

1.2K 85 2
                                    

"အင်းးးး"

ညကဘယ်နှနာရီအိပ်ပျော်သွားမှန်းမသိ။ အခုတော့ နိုးစက်အသံကြောင့် မက္ခရာ နိုးလာသည်။ သို့ပေမဲ့ မျက်လုံးတော့မဖွင့်နိုင်သေး။

"ဟိတ်! လွှတ်ဦး မက္ခရာ လူကိုများဖက်လုံးများထင်နေလား"

"ဝါး.....၅မိနစ်အိပ်ဦးမယ်ကွာ"

ဟင်းး...လူကိုများ ဖက်လုံးအလား ဖက်ထားလိုက်တာ နိုးစက်သံဒီလောက်ကျယ်တာတောင်မနိုးလာတဲ့အပြင် ပိုပြီးတောင်ဖက်တွယ်လိုက်သေးသည်။ ဟက်! မက္ခရာလေးကအားတော့ရှိသား။ ကျော်သူရပိုင်ကိုဖက်ရုံမက ခြေထောက်တွေဖြင့်ပါ ခွထားတာကြောင့် ကျော်သူရပိုင်ဘယ်လိုမှရုန်းထွက်မရ။ သို့မဟုတ် ရုန်းမထွက်ချင်တာများလား။

"အာ့!"

"ဘယ်ကောင်လဲကွာ ငါကိုထုနေတာ"

"ငါပဲကွ ဟေ့ မက္ခရာ နိုးနေရင်လဲ မျက်လုံးကိုဖွင့်စမ်း! ပြီးတော့ငါ့ကိုလွှတ်ဦး ငါတို့ကျောင်းသွားရဦးမယ် ဟေ့ကောင်"

"ဟင်! ကျော်ကြီး အား ငါ_ိုးမကျော်ကြီးကွာ မင်း! မင်းငါ့ကိုလွှတ်စမ်း"

"ဟ! မင်းကငါ့ကိုလွှတ်ရမှာကွ ကန်ချထဲလိုက်လို့ ဆိုဖာပေါ်ကနေမရှုမလှကျနေဦးမယ်"

"အော် ဟုတ်သားပဲ ဆောရီးကွာ ဆောရီး ငါ့ဒယ်ဒီကြီးမှတ်နေတာ အဲ့ အဲ့တာကြောင့် ဖက်မိသွားတာနေမယ်"

"တော်စမ်းပါ ဖယ်ဖယ်"

"အေး အေးပါ ဖယ်ပြီ ဖယ်ပြီ"

အာ...မက္ခရာ သူများအိမ်မှာ မင်းဘယ်လိုတွေတောင်သောင်းကျန်းနေတာလဲကွာ။ နေပါဦး ညက ဟာနုမာန်ကြည့်ရင်း ဇာတ်ရှိန်တက်နေတာနဲ့ ဘယ်နှနာရီအထိကြည့်လိုက်မိမှန်းတောင်မသိ။

ကျစ်! ငါဘယ်တုန်းကဒီမှာအိပ်ပျော်သွားတာလဲ။ ပြီးတော့ ငါကဘာလို့ ကျော်သူရပိုင်နဲ့အတူတူ ဆိုဖာမှာ....

အာ...အဲ့တာတင်မဟုတ် ကျော်သူပိုင်ကို ဖက်ပါဖက်ထားမိသေးတာ။

တောက်! မက္ခရာမင်းတော့ကွာ။

"ဟေ့ ရေချိုးဦးမှာလား"

"အင်း"

"အပေါ်ထပ်ကငါ့အခန်းထဲဝင်ချိုးလိုက်"

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now