Part 20 ( Zawgyi )

191 4 0
                                    

"ဟယ်လို သူရပိုင်"

"အေး မက္ခရာကိုခေါ်လာပြီလား"

"အေး ခေါ်လာပြီ ဒါပေမဲ့ဖြစ်ပါ့မလားကွာ မက္ခရာကနေမကောင်းဘူးပြောတယ် မင်းခေါ်ခိုင်းလို့ ငါတို့အတင်းခေါ်လာတာ မျက်နှာတော့သိပ်မကောင်းဘူးနော်"

"ရတယ် ဘာမှမဖြစ်ဘူး ငါအကုန်စီစဉ်ပြီးသား အပေါ်ကိုတက်လာခဲ့"

"အေးအေး လာပြီ"

ခုဆို စာမေးပွဲကြီးလဲပြီးသွားပြီ။ အပူအပင်တွေလဲမရှိတော့တာမို့ ပထမနှစ်တုန်းက မက္ခရာကို ကျော်သူရပိုင် အချိန်တစ်ခုရောက်ရင်သူ့ကိုကောင်းကောင်းမွန်မွန်ဖွင့်ပြောပါ့မယ်လို့ ပြောထားတဲ့ ကတိတည်ဖို့အချိန်ရောက်ပြီ။ ဒါကြောင့် ကျော်သူရပိုင်တစ်ယောက် ကျောင်းတုန်းကမစားရက်မသောက်ရက်စုထားတဲ့ ပိုက်ဆံတွေနဲ့ 5 stars ဟော်တယ်တစ်ခုလုံးကို တစ်ရက်ငှားလိုက်ပြီး စိန်လက်စွပ်လေးနှစ်ကွင်းလဲဝယ်ထားသည်။ မက္ခရာကိုတော့ ဘာမှပြောမထားပဲ ပိုင်စိုးခန့်တို့ကိုအကူအညီတောင်းကာ ဟော်တယ်ကိုခေါ်လာခိုင်းထားသည်။

မက္ခရာနေမကောင်းတာကိုတော့ ကျော်သူရပိုင်သိပါသည်။ သို့ပေမဲ့လဲမတတ်နိုင်ပါ။ လုပ်စရာရှိတာတော့လုပ်ရမှာမို့ ၊ ဟော်တယ်ကဝန်ထမ်းတွေကလဲ ကျော်သူရပိုင်ကို ဝိုင်းကူပြီးပြင်ဆင်ပေးကြသည်။

ရင်ခုန်နေပြီ။ ဟုတ်တယ် ကျော်သူရပိုင်ရင်ခုန်နေပြီ။ ခဏနေဆို မက္ခရာက အပေါ်တက်လာတော့မှာ ကျော်သူရပိုင်ကတော့ အသင့်အနေအထားနဲ့ ပြင်ဆင်ပြီး စိန်လစ်စွပ်ထည့်ထားတဲ့ဘူးလေးကို လက်နောက်ပစ်ကာ ဖွက်ထားလိုက်သည်။

"ကျော် ကျော်သူရပိုင်....မင်းဘာရပ်လုပ်နေတာလဲ အဲ့မှာ"

ဟော လာပါပြီ။ ဟော်တယ်မှာ မနက်စာစားဖို့ညာခေါ်ခိုင်းလိုက်တာကို မက္ခရာလေးက ဘာမှမပြင်မဆင်ပဲထွက်လာခဲ့တာထင်။ သူပေးထားတဲ့ pajamas လေးဝတ်ပြီး ဆံပင်တွေလဲအနည်းငယ်ရှုပ်လို့။ သို့ပေမဲ့ ဒီလိုပုံလေးနဲ့တောင် ကျော်သူရပိုင်ချစ်ရတဲ့ ကောင်လေးက လူတိုင်းငေးကြည့်ရလောက်တဲ့ အနေအထားမှာရှိသည်။ အခု ဟော်တယ်ကဝန်ထမ်းတွေကတောင် ကျော်သူရပိုင်ထပ် မက္ခရာကို မျက်စိကျနေကြသည်။ တီးတိုးပြောသံလေးတွေကြားရတာလဲ pajamas အနက်ရောင်လေးနဲ့ကောင်လေးကချစ်စရာလေးတဲ့။

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now