Part 3 ( Unicode )

1.7K 121 9
                                    

ဒီနေ့ ကျော်သူရပိုင်အပါ မက္ခရာတို့အုပ်စု တရားစခန်းကိုရောက်တာ နေ့လည်ကတည်းကဆိုပေမယ့် သီလပေး၊တရားနာက ညနေမှဖြစ်တာမို့ ညနေစောင်းမှသာ ကိုယ့်အဆောင်ကိုယ်ပြန်နားရသည်။ တစ်ဆောင်ကိုလူငါးယောက်သာနေရန်သတ်မှတ်ထားပြီး မက္ခရာတို့သူငယ်ချင်းအုပ်စုက ကံကောင်းသွားကာ တစ်ဆောင်ထဲအတူတူနေရသည်။

"မက္ခရာလေးရေ မင်းဘယ်လိုဖြစ်နေတာလဲ ငါဘုရားရိပ်တရားရိပ်ကြီးမှာ မဆဲချင်ဘူးနော်"

"သားကြီးတို့ကလဲလုပ်စမ်းပါ ငါသရဲကြောက်လို့ ထောင့်ဆုံးမှာအိပ်ပါရစေ"

သူငယ်ချင်း‌လေးယောက်အငြင်းပွား‌နေပုံကို ဘေးကကြည့်၍ ကျော်သူရပိုင်လဲခေါင်းခါနေရသည်။ ပိုင်စိုးခန့်တို့အမြင်ကပ်တာလဲမပြောနဲ့ မက္ခရာရဲ့ငယ်ငယ်ထဲကသရဲကြောက်တတ်တဲ့အကျင့်က အခုထိမပျောက်။

"မင်းတို့တွေတော်တော့ ဒီလိုလုပ် ဟိုငကြောက်ကိုထောင့်ဆုံးပို့ သူ့ဘေးမှာငါအိပ်မယ် ငါ့ဘေးမှာ မင်းတို့သုံးယောက် ဘယ်လိုလဲ"

"အဆင်ပြေပါတယ် ဒါပေမယ့် သူ့ဘေးမှာဘာလို့ မင်းအိပ်မှာလဲ မင်းတို့နှစ်ကောင်တည့်တာလဲမဟုတ်ပဲနဲ့ တရားစခန်းထိလာပြီးရန်မဖြစ်ကြနဲ့နော် ဘုန်းကြီးတုတ်နဲ့လိုက်ရိုက်ရင်ငါတို့ပါရောပြီးအစစ်မပါချင်ဘူး"

"ကျစ်! ဘာမှလဲမသိပဲနဲ့ မင်းတို့ကတစ်မျိုး၊ အန်တီကငါ့ကိုသေချာမှာလိုက်တာကွ သူ့သားငကြောက်ကိုသေချာကြည့်ပေးဖို့ ပြီးတော့ ခန္ဓာကိုယ်ချင်းယှဉ်ရင်ငါကမင်းတို့ထပ်ပိုကြီးတယ်လေ"

"အေး အေးပါကွာ ရန်မဖြစ်မှာသေချာရင်ပြီးတာပဲ"

ထိုအချိန် မက္ခရာဗိုက်ထဲမှထွက်သောအသံတစ်ချို့။

"ဂွီ ဂွီ"

"ဟာ ဗိုက်ဆာလိုက်တာကွာ"

မက္ခရာကပြောလဲပြော သူ့မုန့်ထုတ်ထဲက ခေါက်ဆွဲဗူးတွေကိုထုတ်နေတော့သည်။ ဒါကိုမြင်သည့် သူ့သူငယ်ချင်းသုံးယောက်မှာ အလိုတူအလိုပါဖြစ်တာမို့ ဘာမှဝင်မပြောကြပေမယ့် ကျော်သူရပိုင်ကတော့ မနေနိုင်သူမို့...

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now