Part 22 ( Unicode )

1K 85 1
                                    

"အရမ်းလဲစိတ်မကောင်းမဖြစ်ပါနဲ့ကွာမင်းကလဲ ငိုတော့မငိုနဲ့နော်"

"ငါ! ငါကွာ မင်းစဉ်းစားကြည့် အမေတစ်ယောက်လုံး ဒီလောက်အသဲအသန်ဖြစ်နေတာတောင်သူ့သားကဆေးရုံကိုကြာကြာတစ်ခါမှလာတာ အခုဖွားလေးလဲဆုံးရော သူ့ဘေးမှာဘယ်သူမှမရှိဘူး ငါနဲ့ကျော်သူရပိုင်နဲ့ ဒေါက်တာသက်မဟာပဲရှိတာ ဒါဖြစ်သင့်ရဲ့လား"

"ဒါပေမဲ့လဲကွာ ငါတို့တွေကလူနာတွေရဲ့ကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်ခွင့်မှမရှိတာ မင်းစိတ်ထဲကထုတ်လိုက်တော့ မဟုတ်ရင် မင်းပဲပင်ပန်းမယ် အဲ့တာကြောင့်အစထဲက မင်းနဲ့နှလုံးအထူးကုဌာနနဲ့မလိုက်ဘူးလို့ငါတို့ပြောတယ်လေ"

ဟုတ်တယ်။ ဒီမြတ်ဆေးရုံကြီးမှာ နှလုံးအထူးကုဌာနကလူနာတွေထဲတစ်ရက်တစ်ယောက်တော့အမြဲကွယ်လွန်စမြဲ။ နှလုံးဆို‌တော့သိတဲ့အတိုင်း။ ကျန်တဲ့ ကျွန်တော်တို့ ဦးနှောက်နဲ့အာရုံကြောအထူးကုဆို များသောအားဖြင့်ခွဲစိတ်ခန်းဝင်ပြီး ပျောက်ရော ဆေးရုံတက်ပြီး သက်သာသွားရင်ဆေးရုံပြန်ဆင်းသွားရတဲ့လူနာတွေများသည်။ အရေးပေါ်ခန်းဆိုလဲ ဘယ်လိုမတော်တဆမှုနဲ့ရောက်လာလာ ဒေါက်တာလင်းခန့်နဲ့မင်းသွေးရှိတာမို့ အသက်အန္တရာယ်ကနေလွှတ်မြှောက်နိုင်သည်။

"အခုမှမနက်၅နာရီရှိသေးတာ မင်းပြန်အိပ်ချင်ပြန်အိပ်လိုက်ဦး ငါလဲပြန်သွားရဦးမယ်"

"အင်းအင်း"

လူနာတစ်ယောက်ဆုံးလို့ စိတ်မကောင်းဖြစ်တိုင်းအမြဲ မက္ခရာနားအပြေးလာရသည်မှာ ခန့်ထူးဖြစ်သည်။ ကျော်သူရပိုင်ကတော့ တစ်ရက်တစ်ရက် ဆေးရုံမှာ ၂၄နာရီအတွင်း ၂၃နာရီ ဟိုပြေးဒီပြေးလုပ်ပြီးနောက်အခုတော့ နားနေခန်းတွင် မက္ခရာပေါင်ပေါ်၌အိပ်ပျော်နေလေပြီ။ ကျော်သူရပိုင်ကတော့ဘာမှစိတ်ထဲမထားတတ်လို့ အေးအေးဆေးဆေးအိပ်နေနိုင်ပေမဲ့ မက္ခရာကတော့ အသက်၇၁မှာဆုံးပါးသွားတဲ့ဖွားလေးအတွက်စိတ်မကောင်းဖြစ်နေမိသည်။

ကျော်သူရပိုင်က မက္ခရာစိတ်မထားတတ်လို့ အမြဲ ဒီလိုပြောတတ်သည်။ "နောင်တမရအောင် ဘာလုပ်လုပ်အကောင်းဆုံးလုပ် ၊ ကိုယ်အကောင်းဆုံးလုပ်ပေးခဲ့တာသေချာရင် ဘယ်အရာပဲဖြစ်ဖြစ် ဆုံးရှုံးလိုက်ရလဲ နောင်တရစရာမရှိပါဘူး" တဲ့။

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now