Part 9 ( Zawgyi )

273 7 0
                                    

"ဟဲ့ မိန်းမတွေကြည့်လိုက်ဦး ဟိုမှာငါတို့အထက်တန်းကျောင်းထဲကနာမည်ကြီးတဲ့ မက္ခရာတို့အုပ်စုရောက်လာပြီ"

"ချောလိုက်တာ ဟယ်"

ဒါပေါ့။ ချောရမှာပေါ့။ မက္ခရာတို့အုပ်စုက ကျောင်းမှာကတည်းကနာမည်ကြီး။ စာကလဲတော် ၊ ရူပါလေးတွေကလဲပြောစရာမရှိ ၊ ကောင်မလေးတွေကလဲဝိုင်းဝိုင်းလည်။

"ငါဘာလို့ဆေးကျောင်းရောက်အောင်စာကြိုးစားခဲ့လဲ နင်တို့သိပြီမလား"

"အေးဟယ် ဆရာဝန်ဖြစ်မဖြစ်ကနောက်ထား ဆေးကျောင်းရောက်တဲ့ ပထမနေ့ကတည်းက ကျက်သရေကိုရှိလို့ဟယ် ဟဲ့နေပါဦး မက္ခရာတို့အုပ်စုရဲ့အနောက်ကနေကပ်ပါလာတဲ့ သူကရောဘယ်သူတုန်း"

"အော်ဘယ်သူဖြစ်ရမှာတုန်း အဲ့တာ မက္ခရာနဲ့ ငယ်ငယ်ကတည်းကကြောင်နဲ့ကြွက်လိုရန်ဖြစ်နေတဲ့ ငါတို့ကျောင်းက King ကြီးလေနာမည်က ကျော်သူရပိုင်တဲ့"

"အမလေး ချောချက်က ရက်ရက်စက်စက်ပဲ အရပ်ကြီးကလဲအရှည်ကြီးဟယ်"

King ပါဆိုရုပ်ရည်ကိုပြောနေဖို့လိုလား...

"ငါတို့အတန်းမတက်ခင် သူတို့အကြောင်းတွေပြောပြစမ်းပါဦးဟယ်"

"အမလေး ပြောပြရမှာပေါ့ အင်း မက္ခရာကနေစပြောရရင် မက္ခရာကစာတော်တယ် ဒါပေမဲ့ ကျော်သူရပိုင်လောက်တော့မဟုတ်ဘူး အမြဲတမ်းအခန်းထဲမှာ ကျော်သူရပိုင်က အဆင့်တစ်ဆို မက္ခရာက နှစ် ၊ ရုပ်ရည်ကတော့နင်တို့မြင်လိုက်တဲ့အတိုင်း အသားအရည်ဆိုတာ မိန်းကလေးတွေကိုတောင်အားနာဖို့ကောင်းတယ် အမြဲတမ်း အုအက်နုဖတ် ၊ အရပ်ကတော့ ကျော်သူရပိုင်ထပ်နည်းနည်းပုမယ် ဒါပေမဲ့ ငါတို့ထပ်တော့ရှည်တော့ အင်း မရှိဘူးဆို ၅ပေ၉လောက်ပေါ့"

"နောက်ပြီး မက္ခရာတို့အဖွဲ့ထဲက skb နောက်တစ်ယောက်က ပိုင်စိုးခန့် ၊ သူကဦးလေးနဲ့နှစ်ယောက်ထဲနေတယ်လို့ပြောတယ် ၊ သူကလဲကျောင်းထဲကစာအရမ်းတော်တာ အရပ်ကြီးကတော့ဟယ် နင်တို့လဲမြင်တဲ့အတိုင်း ကျော်သူရပိုင်နဲ့အတူတူပဲ ၊ အသားအရည်ကတော့ နည်းနည်းညိုပေမဲ့ အမလေး ဘယ်ပြောကောင်းမလဲ ညိုချော အိုပြောလို့တောင်မကုန်ပေါ့ဟယ် သူ့နောက်လိုက်တဲ့ကောင်မလေးတွေကလဲ ကျောင်းထဲက ၁၂ဒါဇင်လောက်ရှိတယ်"

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now