Part 21 ( Zawgyi )

226 6 0
                                    

၃နှစ်ခန့်ကြာသော်...

"မက္ခရာ မြန်မြန်လာ ဒေါက်တာသက်မဟာကိုယ်တို့ကိုရှာနေပြီ"

"လာပြီ လာပြီ"

ဆေးကျောင်းပြီး အလုပ်သင်ဆရာဝန်ဘဝမှာ နေ့တိုင်း ဆရာဝန်ကြီးတွေ ဆူတာ ၊ ငေါက်တာ ၊ အော်တာကိုရိုးရာမပျက်ခံနေရတဲ့ မက္ခရာတစ်ယောက်ဒီနေ့လဲဆေးရုံရောက်တာ ၃မိနစ်နောက်ကျလို့အဆူခံနေရပါပြီ။

"မင်းတို့နှစ်ယောက်လုံး ခုချက်ချင်း အခန်း၅၀၇ကလူနာအခြေအနေကိုသွားကြည့် တစ်ခုခုထူးတာနဲ့ ဆရာ့ကိုချက်ချင်းခေါ် ပြီးတော့မင်းတို့ဒီနေ့တစ်ရက်လုံးအဲ့လူနာအနားမှာပဲနေ ကြားလား"

"ဟုတ်ကဲ့ပါဆရာ"

ထိုသို့ဖြင့် ဆေးရုံရောက်ရောက်ချင်း အခန်း၅၀၇ကိုတန်းပြီးပြေးရတဲ့ မက္ခရာ ၊ မနေ့ကလဲ မနက်၃နာရီထိုးမှအိမ်ပြန်ရတဲ့အပြင် အိမ်ရောက်ပြီးခဏအိပ်ကာ ရေမိုးချိုးပြီး ချက်ချင်းလာခဲ့တာပဲ ဒါလဲသူနောက်ကျတုန်း။

Myat Hospital တဲ့။ ဟုတ်တယ် မြတ်ဆေးရုံကြီးမှာ မက္ခရာတို့ဆေးကျောင်းပြီးကတည်းက အလုပ်သင်ဆရာဝန်အဖြစ်ရောက်လာခဲ့တာအခုဆိုတစ်နှစ်ကျော်ပြီ။ ဒီဆေးရုံမှာ မက္ခရာနဲ့ဘဝတူ မင်းသွေး ၊ ခန့်ထူး ၊ ပိုင်စိုးခန့်နဲ့ ကျော်သူရပိုင်တို့လဲရှိပေမဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြာကြာကြည့်ဖို့တောင်မအားကြ။

ပိုင်စိုးခန့်နဲ့ခန့်ထူးနဲ့က တစ်ရက်တစ်ရက် ဦးနှောက်နှင့် အာရုံကြောအထူးကုဖြစ်သည့် ဒေါက်တာမသက်မွန်နောက်တကောက်ကောက်လိုက်နေရသည်။ မနေ့ညကမက္ခရာရောသူတို့ရော ဂျူတီဖြစ်တာမို့ ခဏတွေ့လိုက်ရပေမဲ့ အဲ့ဒီနှစ်ကောင် ပန်ဒါမျက်လုံးဖြစ်နေတာမို့ မက္ခရာတောင် သူ့တို့ကိုတွေ့ပြီး ရယ်လိုက်ရတာ အိပ်ချင်တောင်ပြေသွားသည်။

မင်းသွေးကျတော့ အခုဆို မြတ်ဆေးရုံကြီး၏ Emergency Medicine တွင်နာမည်ကြီးဖြစ်သောဒေါက်တာလင်းခန့်ရဲ့ကိုယ်ပွားဖြစ်နေပြီ။ မက္ခရာတို့အုပ်စုတွင် မင်းသွေးနဲ့ကျော်သူရပိုင်က ဆရာဝန်အလုပ်နှင့်အလိုက်ဖက်ဆုံးလို့ပြောရမည်။ အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်ကျော်မှာတင် မင်းသွေးရော ကျော်သူရပိုင်ရောက ဆရာဝန်ကြီးတွေအသိအမှတ်ပြုရလောက်တဲ့မ
အရည်အချင်းမျိုးပိုင်ဆိုင်နေကြပြီ။ မြတ်ဆေးရုံကြီးမှာ ဆရာဝန်ငယ် ၊ ဆရာဝန်ကြီး ၊ ပါရဂူဘွဲ့ရဆရာဝန်တွေ ၊ အလုပ်သင်ဆရာဝန်ငယ်လေးတွေများအပြားရှိတာတောင် မင်းသွေးနဲ့ကျော်သူရပိုင်ကိုမသိတဲ့သူမရှိ။

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now