Part 25 ( Unicode )

1K 79 3
                                    

"ခန့်ထူး လာတော့ ဟိုသစ္စာဖောက်ကောင်ကိုစောင့်မနေနဲ့တော့ ငါတို့သွားရအောင်နောက်ကျနေပြီ"

ဒီနေ့ မက္ခရာတို့သူငယ်ချင်းအုပ်စု ကျော်သူရပိုင်နှင့်အတူ နားရက်တစ်ရက်ထဲအတူရတာမို့ ချောင်းသာကိုသွားကြမည်ဖြစ်သည်။ အတူတူသွားကြမယ်ပြောထားပြီးမှ မင်းသွေးက ကတိဖျက်ပြီး ဒေါက်တာသက်မဟာနောက်ကောက်ကောက်ပါအောင်လိုက်သွားသည်။ အဲ့ကောင်လဲ မကြိုက်ဘူးမကြိုက်ဘူးသာပြောတာ ဟိုကနှစ်ခါခေါ်စရာမလိုဘူး။ တစ်သက်လုံးပေါင်းလာတဲ့ မက္ခရာတို့သူငယ်ချင်းအုပ်စုကိုသစ္စာဖောက်သွားတာကိုသာကြည့်တော့။

"ဘေဘီ!"

"ဘာတုန်း ဘာတုန်း ဘာတုန်း!"

"အဲ့လူကြီးကကိုယ်တို့နဲ့ဘာလိုက်လုပ်တာလဲလို့!"

"မသိဘူးလေ ငါခေါ်တာမှမဟုတ်တာ ပိုင်ကြီးခေါ်တာ ပိုင်ကြီးသွားပြော"

"ပိုင်စိုးခန့်!"

"ဘာလဲကွာ"

"မင်းဘာလို့ ဒေါက်တာလင်းခန့်ကိုပါခေါ်လာတာလဲ ဒီနေ့တစ်ရက်လေးနားရတာမင်းငါ့ကိုမမွှေနဲ့နော်"

"ဟဲဟဲ မင်းကလဲ ဒေါက်တာလင်းခန့်ကသူ့ကိုခေါ်ရင် ကုန်ကျစရိတ်အကုန်သူခံမယ်ဆိုလို့ပါ"

ကျစ်! ဖြစ်ရဦးမယ်။ ဒေါက်တာလင်းခန့်ကလဲ ကျော်သူရပိုင်သူ့ကိုမကြည်တာသိရက်နဲ့ သက်သက်မျက်နှာပြောင်တိုက်ပြီးလိုက်လာတာ။ ရုပ်ကိုကလူကိုကြည့်နေတာ စပ်ဖြီးဖြီးနဲ့။

"မင်းတို့ကိစ္စတွေပြီးပြီလား လာ ကားပေါ်တက်တော့"

ဒေါက်တာလင်းခန့်က ဒီနေ့အတွက်သူ့ကားကြီးကိုယူလာသည်။ လူလဲ၅ယောက်သာရှိတာမို့ သူ့ကားနဲ့လိုက်ပို့မယ်တဲ့။ မိုးလင်းထဲက ကျော်သူရပိုင်တို့ တိုက်ခန်းရှေ့မှာ ကားနဲ့လာပြီး စတိုလ်အပြည့်နဲ့ရပ်စောင့်နေတာဖြစ်သည်။ အဲ့ဒေါက်တာက ဆေးရုံမှာသာရုပ်တည်ကြီးနှင့် အပြင်မှာဆို မျက်ခွက်အရမ်းပြောင်တာလို့ မင်းသွေးကပြောပြဖူးသည်။ သို့ပေမဲ့ ဒေါက်တာကအခုမျက်ခွက်ပြောင်နေတာမှမဟုတ် မျက်နှာပြောင်လာတိုက်နေတာ!

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now