Part 6 ( Unicode )

1.2K 99 4
                                    

ဒီနေ့ ၁၀တန်းအောင်စာရင်းထွက်မဲ့နေ့ဖြစ်‌တာမို့ မက္ခရာတစ်ယောက်ခြေတုန်လက်တုန်ဖြစ်နေသည်။ မက္ခရာတို့အတန်းပိုင်ဆရာမက ကျောင်းမှာအောင်စာရင်းကြည့်မဲ့သူတွေအများကြီးစောင့်နေတာမို့ မက္ခရာတို့သူငယ်ချင်းအုပ်စုနဲ့ ကျော်သူရပိုင်ကို ကျောင်းမလာဖို့ပြောထားသည်။ ဘာကြောင့်ဆိုအောင်စာရင်းထွက်တာနဲ့ ဆရာမကကိုယ်တိုင်ဖုန်းဆက်ပြောပေးမှာမို့ဖြစ်သည်။

ဒါကြောင့် မင်းသွေး ၊ ပိုင်စိုးခန့်နှင့် ခန့်ထူးတို့ ယခုတွင် မက္ခရာအိမ်‌သို့ရောက်ရှိနေသည်။ ကျော်သူရပိုင်ကတော့ ခုထိရောက်မလာသေး။

"သားတို့ ဒီမှာအန်တီမုန့်တွေလုပ်ထားတယ် စားရင်းအောင်စာရင်းအဖြေကိုစောင့်ကြနော်"

"ဟုတ်ကဲ့ အန်တီလေး ကျေးဇူးပါခင်ဗျ"

မက္ခရာရဲ့မာမီကတော့သူ့သားအောင်စာရင်းကိုစိတ်ပူပုံမပေါ်ပါ။ မက္ခရာစာတော်တာကို သူ့မာမီလဲသိထားလို့ဖြစ်သည်။

ထိုအချိန်မင်းသွေးက ဆိုဖာပေါ်တွင် တုပ်တုပ်မလှုပ်ပဲထိုင်နေသည့် မက္ခရာကိုမေးလိုက်သည်။

"မက္ခရာ မင်းဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲကြောက်လို့ပေါ့ကွ"

ထိုအခါ သူတို့အဖွဲ့တွင်စာအညံ့ဆုံးဖြစ်သည့် ခန့်ထူးကဝင်ပြောသည်။

"မင်းတောင်ကြောက်နေတယ်ဆို ငါကဘယ်လိုလုပ်မလဲ"

ပိုင်စိုးခန့် "ဟေ့ကောင်တွေစိတ်အေးအေးထားကြ ခန့်ထူးမင်းလဲစာတော်ပါတယ် 4D လောက်တော့ပါမှာ မက္ခရာမင်းကတော့ 5D ဒါမှမဟုတ် All D ပဲဖြစ်မှာကိုဘာတွေအဲ့လောက်စိတ်ပူနေတာလဲ မင်းသွေး မင်းလဲဖင်တကြွကြွလုပ်မနေနဲ့ ငါမှန်းတာမမှားရင် မင်းလဲအနည်းဆုံးတော့ 5D ပါကွာ"

ခန့်ထူး "အေးပိုင်စိုးခန့် မင်းပြောသလိုဖြစ်ရင်တော့ကောင်းတာပေါ့ကွာ ငါမင်းတို့နဲ့မခွဲချင်သေးဘူးကွ တက္ကသိုလ်လဲတူတူတက်ချင်သေးတယ်"

မင်းသွေး "တက်ရမှာပါကွာ ဒါနဲ့ ပိုင်စိုးခန့် မင်းကိုယ်မင်းရော ဘယ်လိုထင်လဲ"

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now