Part 7 ( Unicode )

1.3K 94 3
                                    

ဒီရွာရဲ့ နာမည်က "အရီးလေး"တဲ့။ ဟုတ်တယ် ယခု မက္ခရာတို့အုပ်စုနဲ့ ကျော်သူရပိုင်တို့ အရီးလေး‌အမည်ရတဲ့ရွာကိုရောက်နေတာဖြစ်သည်။ ဒီဇာတ်လမ်းရဲ့အစကတော့ ခန့်ထူးပေါ့...

ခန့်ထူးက ရန်ကုန်ဇာတိမဟုတ်။ ခန့်ထူးရဲ့ မိဘနှစ်ပါးက ခန့်ထူး ၁နှစ်သားမှာတင် ကားမတော်တဆဖြစ်ပြီးဆုံးသွားကြသည်။ ထိုအချိန် ခန့်ထူးရဲ့အဖိုးကခန့်ထူးကိုခေါ်၍ ရန်ကုန်သို့တက်လာရာမှ မက္ခရာတို့နေတဲ့ ရပ်ကွက်ထဲကိုရောက်လာတယ်ဆိုပါတော့။

ပုံမှန်ဆို ခန့်ထူးကနွေရာသီကျောင်းပိတ်ရက်တိုင်း သူ့အဖိုးနဲ့သူ၏ဇာတိဖြစ်သည့် အရီးလေးတို့ရွာကို ခဏအလည်သွားနေကြ။ ယခုတစ်ခါမှာတော့ ခန့်ထူးက သူ့ရွာကို အလည်သွားရင်း သူ့သူငယ်ချင်းတွေဖြစ်သည့် မက္ခရာ ၊ မင်းသွေး ၊ ပိုင်စိုးခန့်နှင့် ၊ ကျော်သူရပိုင်တို့ကိုပါအရခေါ်လာသည်ဆိုပါတော့။

မက္ခရာတို့ ဒီရွာကို နှစ်ညအိပ် သုံးရက်ခရီးဖြင့် ခန့်ထူးနှင့်အတူအလည်လိုက်လာကြတာဖြစ်သည်။ မက္ခရာ ခန့်ထူးခေါ်ရာနောက်ကို နှစ်ခါပြောစရာမလိုပဲ လိုက်လာရတဲ့အကြောင်းအရင်းကတော့ ဒီရွာလေးက ခန့်ထူးပြောအရ အရမ်းကိုသာယာအေးချမ်း၍ စိတ်အပန်းဖြေစရာအကောင်းဆုံးနေရာမို့ဖြစ်သည်။ မင်းသွေးကတော့ အညာသူလေးတွေကို ရှိူးချင်လို့ပါတဲ့။ ပိုင်စိုးခန့်ကတော့ မက္ခရာဘယ်သွားသွားအနောက်ကတကောက်ကောက်မို့ ဒီတစ်ခါလဲဘယ်လိုရည်ရွယ်ချက်နှင့်လိုက်လာမှန်းမသိ။ အင်းလေ ဒီကောင်လဲ အိမ်မှာပျင်းလို့နေမှာပေါ့။

"ဟေ့ အပြင်မှာသာယာမနေနဲ့ နေဝင်နေပြီ အထဲကိုဝင်"

ဒီအသံရဲ့ပိုင်ရှင်ကတော့ ကျော်သူရပိုင်ပါ။ ဒီသူတောင်းစားလဲ အခုတလော မက္ခရာဘယ်သွားသွား အနောက်ကဘာလိုက်လုပ်မှန်းမသိဘူး။

"အေးပါ လာပြီ"

ဟက်! ကျော်သူရပိုင်တို့ ဒီအရီးလေးရွာကိုရောက်တာ ညနေ၅နာရီလောက်ထဲက။ အဲ့ထဲက မက္ခရာက ခန့်ထူးတို့အိမ်ရှေ့က ကွပ်ပျစ်လေးမှာ မလှုပ်မရှပ်ထိုင်ပြီး ခြောက်ကပ်နေတဲ့ လယ်ကွင်းတွေကိုကြည့်လိုက် ၊ ပန်းခင်းကြီးတွေကိုငေးလိုက်နှင့်။ အင်းပေါ့လေ။ မက္ခရာငေးလဲငေးလောက်စရာပါ။ ဒီကနေဝင်ရီတရောအလှက တကယ်ကိုမှင်သက်လောက်စရာပင်။ ပန်းချီဆွဲတော်တဲ့ မင်းသွေးတောင် မက္ခရာဘေးနားသွားပြီး နေဝင်တာကိုကြည့်ကာ ပန်းချီဆွဲဖြစ်အောင်ဆွဲလိုက်သေးသည်။ အဲ့ကောင်က ပန်းချီအရူးမို့ ဘယ်သွားသွား သူ့ရဲ့ ပုံဆွဲကိရိယာတွေကပါပြီးသား။

ᴍᴀᴛᴋʜᴀʏᴀʀWhere stories live. Discover now