Episode 49 [အတုအယောင်လှည့်ကွက်များ,လပြည့်ညရဲ့တိုက်ပွဲ]

9 1 0
                                    

Yurikoကမြေပေါ်မှာလဲနေပြီးမကြာခင်မှာပဲသူမမျက်လုံးဖွင့်ပြီးပြန်သတိရလာတယ်။သူမယိုင်တိုင်ယိုင်တိုင်နဲ့ထကြည့်တော့သူမရောက်နေတဲ့နေရာက
အချုပ်ခန်းလိုနေရာမျိုးပါ။သူမတစ်ယောက်တည်းဖြစ်နေပြီးအပြင်မှာမီးသီးတစ်လုံးပဲထွန်းထားတယ်။

"ဘယ်သူရှိလဲ။"

သူမ​မတ်တတ်ရပ်ဖို့လုပ်ပေမယ့်ပြန်ပြုတ်ကျသွားတယ်။အကြောင်းကသူမညာဘက်ခြေထောက်မှာသံကြိုးချည်ထားလို့ပါ။

"ဘယ်သူရှိလဲ။ကျွန်မကိုလွှတ်ပေးပါ!"

Mizuki- "တိတ်​စမ်းပါ!ဇွတ်အော်မနေနဲ့!"

Yurikoမော့ကြည့်တဲ့အခါDaisukeနဲ့Mizukiကသူမရှေ့မှာရပ်နေတယ်။

Yuriko- "Mizuki....ကျွန်မဘာလို့ဒီနေရာရောက်နေတာလဲ။"

သူတို့အနောက်မှာဘုရင်မကရုတ်တရက်ပေါ်လာတော့

"ပြန်နိုးလာပြီလား။"

Yuriko- "ဘုရင်မ​ကြီး....."

-

လွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းက

Mizuki- "ဘုရင်မကြီးကဒီတိုက်ခိုက်ပွဲပြီးရင်ဘာဆက်လုပ်မှာလဲ။"

ဘုရင်မကအသံတိုးတိုးနဲ့

"ငါသူ့ကိုနင်တို့ဆီခေါ်လာခဲ့မယ်။"

"ဘုရင်မကြီးတကယ်လုပ်မှာလား။" *အံ့ဩလျက်*

"အခုနင့်အဖေကိုမပြောသေးနဲ့ဦး။သူ့ကိုခေါ်လာပြီးမှပြောပြလိုက်။"

တစ်ဖက်မှာတော့YurikoကWeather Goblinကိုအနိုင်တိုက်ပြီးလို့ခဏငြိမ်နေချိန်

"Phoenix!ကျွန်မကိုကယ်​ပါဦး!"

အဲဒီအသံကYurikoထင်ယောင်ထင်မှားဖြစ်အောင်
Queenကိုယ်တိုင်ဖန်တီးထားတာပါ။
Queenကသူမမြင်နိုင်တဲ့နေရာမှာပုန်းနေပါတယ်။

Yurikoတစ်ယောက်Harumiရဲ့အသံလာရာဘက်ကိုလိုက်ရှာရင်းကြောက်လန့်တကြားအော်သံကြောင့်လန့်ပြီးစိတ်ပူနေချိန်Queenကသူမဆီကိုရောက်ချလာတယ်။Yurikoနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါQueenကအမှုန်တစ်မျိုးနဲ့သူမမျက်နှာကိုပက်လိုက်တယ်။အဲဒီအမှုန်ကြောင့်Yurikoတစ်ယောက်ခေါင်းမူးပြီးလဲကျသွားတယ်။

Skate-shot (スケート.ショット)Where stories live. Discover now