ဧရာသက်သေ
လမ်းခွဲခြင်းတွင် အမျိုးသမီးနှစ်ဦးမှာ ထိုအမျိုးသမီးငယ်အတွက်ပေးဆပ်ခြင်းကိုယ်စီ ဒဏ်ရာကိုယ်စီ။ချစ်ခြင်းသည်ပေးဆပ်ရခြင်းမည်သော အချစ်ခရီးတွင် သုံးယောက်လုံး ပျော်ရွှင်စွာ လျှောက်လှမ်းနေကြခြင်းတော့မဟုတ်ပေ။တွေဝေခြင်း၊၀မ်းနည်းကြေကွဲခြင်း၊စွန့်လွှတ်အနစ်နာခံခဲ့ကြခြင်းနှင့်အတူ မျက်ရည်တို့ ရွှဲရွှဲစို။
ဒေါ်သီတာထွန်းမြင့်အား မိမိ၏သဘောထားအမှန်ကို ထုတ်ပြခဲ့ပြီးသည့်နောက်တွင် ရေကြည်ဒေါ်နှင်းရည်သန့်ထံတစ်ဖန်ပြန်လာခဲ့ပေသည်။အကြောင်းအရင်းမခိုင်မာဘဲ စွန့်လွှတ်စွန့်စားခြင်းများကို မိမိကိုယ်တိုင်လည်းမလုပ်သကဲ့သို့ သူမကိုလည်းပေးလုပ်မည်မဟုတ်ပါ။ပြဿနာတိုင်းတွင်အဖြေတော့ရှိရမည်ဟု ယုံကြည်ထား၍ပင်။
အလုပ်အပြန် ခါတိုင်းလိုပင် ကျောင်းတွင်းကရုံးခန်းသို့၀င်သွားစဉ် မြင်လိုသူမတွေ့ မမြင်လိုသူနှင့်သာဆုံခဲ့တော့သည်။ပုံ့ပုံ့ချိုမှာ အတွင်းရေးမှုးအလုပ်စားပွဲတွင်ထိုင်လျက် စာအုပ်တစ်ချို့နှင့်အတူ laptop ကိုကြည့်လိုက် စစ်လိုက်လုပ်နေသည်။ရေကြည်လည်း စကားအပိုမပြောလို၍ လိုရင်းတိုရှင်း မေးလိုက်သည်။
"အန်တီရှိလား"
"ဟင့်အင်း"
"ဒါဆိုဘယ်သွားလဲပုံ့ပုံ့ချိုသိလား"
"မသိဘူးပြောရင်ညာတာပေါ့"
"သိနေရင်လည်းပြောဖို့လိုလားနန်းရေကြည်"
"ယူဘာစကားတွေလာပြောနေတာလဲ"
"တို့ယူ့ကိုကြည်နေလို့မေးနေတယ်များထင်နေလား"
"မကြည်နဲ့လေ"
"ယူမကြည်တာ ပုံ့ကိစ္စမဟုတ်ဘူး"
"ဒီမှာယူ ယူသာအရှက်ရှိသေးရင်ဒီကိုရောက်ကိုမလာခဲ့သင့်ဘူး"
"ပုံ့ပုံ့ချို ယူစကားတွေထိန်းပြော"
"တို့နဲ့ယူသူငယ်ချင်းမဟုတ်ဘူး"
"အဲ့တာလည်းစိတ်မ၀င်စားဘူး သူငယ်ချင်းလည်းမဖြစ်ချင်ဘူး"
"ပုံ့စိတ်၀င်စားတာ တီချယ်သန့်"