အပိုင်း - ၃ (Unicode)

2.2K 193 7
                                    


               တိတ်တခိုး

     စနေနေ့ဖြစ်သဖြင့် ရေမိုးချိုးအ၀တ်အစားလဲ ကျောင်းစာလုပ်စရာရှိသည်ကိုလုပ်ပြီးသည်နှင့် အခန်းတွင်းမှလျှော်ပြီးသား အ၀တ်ပုံကြီးကိုဖြိုခွင်းရန်အရေး မီးပူနှင့်စောင်တစ်ထည်ယူသည်။ထို့နောက် အခန်းထဲကပလပ်ပေါက်ကို extension ကြိုးခွေနှင့် Join၍ စောင်ကိုဖြန့်ခင်းကာသာဖြင့် မီးပူတိုက်ရသည်။တစ်ပတ်စာအ၀တ်များကို လျှော်ပြီးခြင်းတောင်းထဲစုပြုံထည့်ထားတတ်၍ ပိတ်ရက်မှသာ ရှင်းဖြစ်သည်။

     ယူနီဖောင်းအပါအ၀င် တစ်ပတ်လုံး၀တ်သမျှ ည၀တ်အင်္ကျီပါမကျန် ကော့ပြန်နေအောင် မီးပူလေးကိုသေချာထိုးနေလေသည်။မိန်းမတို့၏အိမ်ထောင်မှုကျွမ်းကျင်ပိုင်နိုင်ခြင်းတွင် မီးပူတိုက်ခြင်းအတတ်ပညာမှာလည်း တစ်စိတ်တစ်ဒေသပင်။စိတ်ရှည်လက်ရှည်ပင် မီးပူတိုက်နေရာမှ ရေကြည်နှုတ်ခမ်းတို့မှာ ယူနီဖောင်းထမီကိုကြည့်ပြုံးနေသည်။

   အကြောင်းမှာမိမိနှင့်တီချယ်သာတစ်အိမ်တည်းတူတူနေရလျှင် အိမ်မှုကိစ္စမှာ မိမိပဲလုပ်မည်။တီချယ့်ကို ဘုရင်မကဲ့သို့အိမ်ဦးခန်းတွင်ထားချင်သည့်စိတ်တို့ကြောင့် မီးပူတိုက်ရင်းတစ်ယောက်တည်းပြုံးနေသည့်ရေကြည် သတိလက်လွတ်သွားစဉ်ခဏလေးတွင် လက်နှင့်မီးပူကအနမ်းပေးကုန်တော့သည်။အသားကိုအပူကထိလိုက်မှ အပူကြောင့်လက်လွှတ်ချလိုက်လျှင် မီးပူက ကြမ်းပြင်ပေါ်လိမ့်သွ‌ားတော့သည်။

    အပူလောင်သွား၍ မီးခလုတ်ကိုထပိတ် ပလပ်ဆွဲဖြုတ်ကာ အောက်ထပ်ပြေးဆင်းလာတော့သည်။မီးဖိုခန်းတွင်ညနေဘက် မိခင်မှဆိုင်သိမ်းပြန်လာပြီး ဟင်းချက်နေလေသည်။ ရေကြည် ရေခဲသေ‌တ္တာထဲမှ ခဲနေသည့်ရေတစ်ဘူးကိုဆွဲထုတ်လိုက်သည်။ထို့နောက် စားပွဲနားတွင်၀င်ထိုင်လိုက်ကာ -

"အား ကျွတ် ကျွတ်"

     ၀ရုန်းသုန်းကားပြေးဆင်းလာပြီး ထိုင်ညည်းနေသည့်ရေကြည်ကြောင့် ဟင်းချက်နေသည်ကိုလက်စသတ်၍ အနားသို့ရောက်လာပြီး -

"မီး ဘာဖြစ်တာလဲ"

"မာမားကိုပြကြည့်စမ်း"

သီတာရေကြည်(Completed) (Unicode+Zawgyi)Tempat cerita menjadi hidup. Temukan sekarang