S2 အပိုင်း၁၅
ဒီနေ့ဟာအို Glory showroom ဖွင့်ပွဲနေ့။Ricky နဲ့တေးရယ်လည်းဖွင့်ပွဲဆိုတော့လိုက်လာကြတယ်။ဒီလိုသူ့အတွက်အထိမ်းအမှတ်နေ့လေးမှာဟန်ဘင်းကအနားမှာမရှိနေတာတော့ နှမျောစရာပါပဲ။အနားမှာရှိနေရုံနဲ့တစ်ယောက်ကတစ်ယောက်ရဲ့အားဖြစ်စေတာ တော်ရုံရေစက်တော့မဟုတ်ဘူးလို့တွေးမိတဲ့ သူ့အတွေးကိုသူသဘောကျမိပါသေးတယ်...
သူတို့ရဲ့Gloryက High Classရဲ့ကျေးဇူးကြောင့် ကိုရီးယားမှာပိုပြီးလူသိများတော့ သူshowroomဖွင့်မယ်ကြော်ငြာကတည်းကမျှော်နေကြတဲ့လူတွေကများတယ်။တကယ့်ဖွင့်ပွဲနေ့ကျ ထင်ထားတာထက်ပိုပြီး ရောင်းအားတက်ခဲ့တာမို့ သူဝမ်းသာမိတယ်။သူတစ်နေကုန်မနားရပဲ ထိုင်ချိန်တောင်မရှိအောင် အလုပ်ရှုပ်နေခဲ့ရတယ်။Rickyနဲ့တေးရယ်လည်း ဒီနေ့မှရောက်တာဆိုတော့နားရအောင်သူကဆိုင်မှာကျန်နေခဲ့ပြီး သူတို့ကိုပြန်နားခိုင်းရတယ်...
ဆိုင်ပိတ်ချိန်ထိတောင် ကိုယ်စာလှယ်ယူချင်တယ်ဆိုပြီးရောက်လာတော့ သူဆွေးနွေးနေရင်းထိုသူကအလုပ်ကိစ္စထက်သူ့privicyတွေကိုပိုပြီးစိတ်ဝင်တစားမေးနေတော့ သူစိတ်အနှောက်အယှက်ဖြစ်နေမိတယ်။ရုတ်တရက်သူ့ရုံးခန်းတံခါးခေါက်သံကြားလို့မော့ကြည့်မိစဉ်...
"ဟန်ဘင်း....''
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိပဲ သူတံခါးကလည်းဖွင့်ထားတာမို့ တံခါးပေါက်ကိုမှီပြီး ဖဲကြိုးလှလှလေးစီးထားတဲ့ရှန်ပိန်ပုလင်းလေးကို ကိုင်ပြီးရပ်နေလေတယ်။သူစကားပြောနေရာက ထရပ်လိုက်မိတော့ သူနဲ့အတူတူထိုင်နေတဲ့လူကလည်း ထရပ်ကာလှည့်ကြည့်လေတယ်။ဟန်ဘင်းရုံးခန်းထဲကိုဝင်လာပြီး သူ့အနားကိုလာကာ...
"ဆက်ပြောကြပါ...''
ဒီတော့မှတစ်ဖက်လူက...
"ကျန်းဟာအိုဧည့်သည်ထင်တယ်....''
အဲ့ဒီလူရဲ့စကားကိုဟန်ဘင်းမျက်ခုံးတစ်ဖက်ပင့်သွားပြီးနောက်ရှန်ပိန်ပုလင်းကိုစားပွဲပေါ်ချလိုက်ကာလက်တစ်ဖက်ကသူ့ပုခုံးကိုဖက်လိုက်ရင်းနောက်လက်တစ်ဖက်ကိုထိုလူကိုကမ်းပေးလိုက်ပြီး...
![](https://img.wattpad.com/cover/353967343-288-k5516.jpg)