S2 အပိုင်း ၁၇
-----Flash back-----
"ဒီမျက်လုံးတွေကိုမှတ်မိတယ်...လွန်ခဲ့တဲ့၃နှစ်လောက်ကအမေ့ကိုတရားခံတစ်ယောက်လို ကြည့်ခဲ့တဲ့အကြည့်တွေ...''
အမေသူ့ရဲ့စက်ဆုတ်နေတဲ့အကြည့်တွေကိုမြင်တာနဲ့သူမှတ်ဉာဏ်တွေပြန်ရသွားပြီဆိုတာ သေချာပေါက်သိမှာပါ...
"တရားခံတစ်ယောက်ဖြစ်ခဲ့တာမဟုတ်ဘူးလား...''
အမေမဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာသူ့စွပ်စွဲချက်ကိုမှု့တောင်မမှု့ပဲ ဧည့်ခန်းကခုံတစ်ခုံမှာဝင်ထိုင်လိုက်ရင်း...
"အခုဘာကိုသိချင်သေးလို့လာခဲ့တာလဲ...အားလုံးမှတ်မိသွားပြီမဟုတ်ဘူးလား...''
"အမေအရမ်းများပျော်သွားခဲ့လား...ကျွန်တော်ဟာအိုကိုမမှတ်မိတော့လို့...''
အမေသူ့ကိုသေချာစိုက်ကြည့်နေရင်းက...
"ဘယ်လိုအဖြေမျိုးကြားချင်လို့လဲ...''
"အမေဘာလို့ကျွန်တော့်အပေါ်မှာလုပ်ရက်ခဲ့ရတာလဲ....ကျွန်တော့်ကိုယ်ကျွန်တော်ရူးနေတာလားထင်ပြီး ဆရာဝန်တွေပြ စိတ်ငြိမ်ဆေးတွေအကြိမ်ကြိမ်သောက်ခဲ့ရတာ အမေကျွန်တော်ကိုနည်းနည်းလေးမှမသနားခဲ့ဘူးလား...ကျွန်တော်ကအမေသားပါ..''
"အဲ့လောက်နဲ့သေမသွားနိုင်ဘူး...''
"အမေ့....''
သူ့ရဲ့ဒေါသနဲ့အော်ဟစ်သံက မိုးကြိုးပစ်လိုက်သလို တစ်အိမ်လုံးကိုကျယ်လောင်သွားခဲ့တယ်...သူမျက်ရည်တွေစီးကျလာကာ မွန်းကြပ်နေတဲ့ရင်ဘက်ကိုဆုတ်ကိုင်ရင်း...
"သေဖို့အထိဆုံးဖြတ်ခဲ့တဲ့ကောင်ပါ...ဟာအိုကထားခဲ့လို့သေဖို့ထိဆုံးဖြတ်ခဲ့တာ...ကျွန်တော်ဟာအိုကိုဘယ်လောက်ချစ်တယ်ဆိုတာ ဟာအိုမရှိရင်မဖြစ်ဘူးဆိုတာ အမေနည်းနည်းလေးတောင်မခံစားမိဘူးလား...''
"တော်စမ်း ..ဟန်ဘင်း...မင်းမကြာခင်High Classကိုလွှဲယူရတော့မှာ...ဒီလိုအသုံးမကျနဲ့ခံစားချက်တွေကိုရှေ့တန်းတင်ရင်..မင်းဘဝနစ်နာသွားလိမ့်မယ်....''
![](https://img.wattpad.com/cover/353967343-288-k5516.jpg)