S2 အပိုင်း၁၁
"ကိုကို...''
အခန်းတံခါးကိုဆွဲဖွင့်ပြီး တံခါးကို ကိုင်ထားရက် ရပ်တန့်သွားတဲ့ယူဂျင်း။ဟာအိုသူ့ခါးကိုဖက်ထားတဲ့ဟန်ဘင်းကိုအမြန်တွန်းထုတ်လိုက်ပေမယ့်မမှီတော့ပါဘူး။ယူဂျင်းကပြုံးစိစိဖြစ်သွားပြီးဟန်ဘင်းကတော့အမြင်ကပ်ဖို့ကောင်းအောင်ရီလေတော့တယ်...
"အကိုဟန်ဘင်းကဒီရောက်နေတာကို...''
"အင်း...ယူဂျင်း''
သူမျက်နှာတွေရဲလာအောင်ရှက်သွားမိတယ်။ကလေးရှေ့မှာမှသူတို့ကမသင့်တော်တာတွေဖြစ်နေတော့...
"ဝင်လာခဲ့ရမှာလား....ပြန်ရမှာလား''
"ဝင်လာလေ...ယူဂျင်း''
"သေချာလို့လား....ကိုကို''
ယူဂျင်းအမေးကိုသူဟန်ဘင်းကိုလှည့်ကြည့်တော့ ဟန်ဘင်းကပြုံးစိစိလုပ်ကာ...
"တော်တော့..ယူဂျင်း..မင်းကိုကိုရှက်နေပြီ...''
ယူဂျင်းကလည်းရီကာ ဟန်ဘင်းကို high fightလက်သီးလေးတန်းပြလေရာ ဟန်ဘင်းကလည်း ပြန်ပြလိုက်တော့ ယူဂျင်း တံခါးပြန်ပိတ်ကာထွက်သွားတော့တယ်။ဟာအိုသိလိုက်ပါပြီ။ဟန်ဘင်းနဲ့ယူဂျင်းကြားမှာတစ်ခုခုရှိနေပြီ။ဟန်ဘင်းကိုသူမျက်စောင်းထိုးပြီးကြည့်လိုက်တော့ ဟန်ဘင်းကသွားတွေစိကာသူ့ကိုပြုံးပြလေတယ်...
"ဘာသဘောတွေလဲ...''
"ရေချိုးရစို့..မားတို့စောင့်နေလိမ့်မယ်''
"ဆောင်းဟန်ဘင်း..ရှောင်ထွက်ဖို့မကြိုးစားနဲ့...ယူဂျင်းနဲ့ဘာရှိတာလဲပြော''
ဟန်ဘင်းကိုသူလက်ပိုက်ပြီး မျက်ခုံးပင့်ကာကြည့်လိုက်တော့ ဟန်ဘင်းသူ့အကြည့်တွေကိုရှောင်ကာ အခန်းထဲကထွက်မယ်လုပ်တော့တယ်။ သူနောက်ကအင်္ကျီကိုဆွဲထားတဲ့အခါ ဟန်ဘင်းပြန်လှည့်ပြီးရီပြလေတယ်။သူမျက်မှောင်ကျုံ့လိုက်ပြီး...
"အခါခါမမေးချင်ဘူးနော်...ဟန်ဘင်း''
သူ အသံမာလာတော့မှဟန်ဘင်း ပြန်လှည့်ကာ သူလက်လေးတစ်ဖက်ကိုဟန်ဘင်းလက်နှစ်ဖက်နဲ့ဆုတ်ကိုင်လိုက်ပြီး...