Season 2 အပိုင်း (၂၁)

884 82 15
                                    

S2 အပိုင် ၂၁ Warning***

"ကိုယ်နဲ့လက်ထပ်ပေးနိုင်မလား...ကျန်းဟာအို''

ဟာအိုရှေ့မှာမြင်နေရာတဲ့Couple Ringလေးကြောင့် မျက်ရည်လေးတွေဝဲသွားလေတော့တယ်။ဟာအို သူ့ရဲ့မျက်ဝန်းတွေကိုကြည့်ကာ ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြလေတော့တယ်။သူပြုံးလိုက်မိပြီးထရပ်လိုက်ကာ ဗူးထဲကလက်စွပ်လေးကိုဖြုတ်ယူပြီး ဟာအိုလက်ကလေးက လက်သန်းကြွယ်မှာစွပ်ပေးလိုက်တော့တယ်။ပြီးတော့ သူလည်းဟာအိုကိုလက်ကလေးဖြန့်ပေးတော့ ကျန်တဲ့လက်စွပ်တစ်ကွင်းကိုယူကာ ဟာအိုလည်းသူ့ကိုပြန်စွပ်ပေးတော့တယ်။ ဟာအိုပုခုံးလေးတွေကိုဆုတ်ကိုင်လိုက်ကာ...

"ကိုယ့်ကြောင့်ဟာအိုအမြဲပျော်ရွှင်ရမယ်ဆိုတဲ့ကတိမျိုးမပေးနိုင်ရင်တောင်ကိုယ့်ကြောင့်ဟာအိုစိတ်မဆင်းရဲစေရပါဘူးလို့ကိုယ်ကတိပေးတယ်...''

သူဟာအို မျက်ဝန်းတွေထဲ နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ကာ ဟာအိုမေးရိုးလေးကိုထိန်းကိုင်လိုက်ပြီး နှုတ်ခမ်းလေးကိုနမ်းရှိုက်လိုက်တယ်။ဟာအိုမျက်လုံးလေးမှိတ်ကျသွားပြီး ဝဲနေခဲ့တဲ့မျက်ရည်လေးတွေက စီးကျသွားတော့တယ်။ပျော်ရွှင်မှုကြောင့်ကျရတဲ့မျက်ရည်ဆိုတာ သူသိတာမို့ ပြုံးလိုက်မိတော့တယ်။ဟာအိုလည်းသူခါးလေးကိုပြန်ဖက်ထားကာ အနမ်းတွေကိုဖလှယ်မိကြတယ်။

အမြဲနမ်းနေမိပေမယ့် ဒီနေ့မှဟာအိုနှုတ်ခမ်းလေးတွေက ပိုချိုနေခဲ့တယ်။ထပ်ပြီးတော့မက်မက်မောမောနမ်းချင်သေးပေမယ့်လည်း အထိမ်းအမှတ်အနမ်းတစ်ခုသာဖြစ်တဲ့အတွက် သူမရပ်တန့်ချင်ပေမယ့်ရပ်တန့်လိုက်ရတယ်...ဟာအိုမျက်နှာလေးကိုတယုတယကိုင်ထားမိတော့ ဟာအိုသူ့လက်တွေကြားမှာ ပါးအို့လေးတွေပေါ်အောင်ရီပြလေတယ်...

သူလည်းရီလိုက်မိပြီးနောက်ဟာအိုလက်ကလေးကိုဆွဲကာ စားပွဲဝိုင်းတစ်ခုမှဝင်ထိုင်လိုက်တယ်။သူစားပွဲဝိုင်းပေါ်ကbellလေးကိုတီးလိုက်တော့မှ ဆိုင်ကအစားအသောက်တွေလာချပေးလေတော့တယ်။

သူsteak ကိုလှီးပြီး ဟာအိုရှေ့ကိုချပေးတော့ ဟာအိုကခရင်းလေးနဲ့ထိုးယူကာသူ့ကိုအရင်ခွံ့ကျွေးလေတော့တယ်။သူစားလိုက်ရင်းက ဝိုင်ပုလင်းကိုဖောက်ပြီး ဟာအိုဖန်ခွက်နဲ့သူ့ဖန်ခွက်ထဲကိုထည့်လိုက်ပြီး cheerလုပ်လိုက်ကာသောက်လိုက်ကြရင်း...

Unchangeable Love (Season 2)Where stories live. Discover now