S2 အပိုင်း ၁၆
"ကျန်းဟာအို....တော်တော်မျက်နှာပြောင်တိုက်နိုင်တာပဲ...''
ဟန်ဘင်းစကားကသူ့ကိုခြောက်ခြားသွားစေခဲ့တယ်။ဟာအိုဟန်ဘင်းဆီကနေနောက်ကိုခြေတစ်လှမ်းဆုတ်မိသွားပြီး ဟန်ဘင်းမျက်ဝန်းတွေကိုသေသေချာချာကြည့်ကာ အဖြေရှာနေမိတော့တယ်။ဟန်ဘင်းကကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေေတာ့တယ်။ဟန်ဘင်းအားလုံးကိုပြန်မှတ်မိသွားပြီလား။သူရှင်းပြခွင့်တောင်မရလိုက်ပဲ ဟန်ဘင်းကသူ့ကိုစွတ်စွဲနေခဲ့ပြီ....
"ဟန်ဘင်း...မှတ်မိ...မှတ်မိသွားပြီလား''
"ဘာလဲ....မှတ်မိသွားလို့မဖြစ်ဘူးလား...ကျန်းဟာအို''
ဟာအိုသူ့တစ်ကိုယ်လုံးသွေးမရှိတော့သလိုအေးစက်တောင့်တင်းသွားခဲ့ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ဟန်ဘင်းရဲ့အကြည့်တွေကိုရုတ်တရက်ရင်မဆိုင်ရဲတော့....။သူခေါင်းကိုတွင်တွင်ခါလိုက်ပြီး သူ့ရဲ့တုန်ရီေအးစက်နေတဲ့လက်နှစ်ဖက်နဲ့ဟန်ဘင်းလက်တစ်ဖက်ကိုဆုတ်ကိုင်ကာ....
"ကိုယ်ရှင်ပြပါရစေ...''
ဟန်ဘင်းသူဆုတ်ကိုင်ထားတဲ့လက်ကိုချက်ချင်း ဆောင့်ရုန်းထွက်လိုက်ပြီး....
"ဘာကိုရှင်းြပချင်တာလဲ....လွန်ခဲ့တဲ့လေးနှစ်ကထွက်ပြေးသွားခဲ့တာကိုလား...ဒါမှမဟုတ်...ပြန်တွေ့တာတောင်မသိချင်ယောင်ဆောင်ပြီးအစကနေပြန်စနေတာကိုလား..''
သူဟန်ဘင်းရဲ့မေးခွန်းတွေကိုအဖြေမပေးနိုင်ခဲ့ပဲ ဒီတုန်လှုပ်စရာဖြစ်ရပ်ကသူ့ကိုသွေးပြတ်သွားစေကာဆက်ပြီးထိန်းမထားနိုင်တော့တဲ့မျက်ရည်တွေစီးကျလာမိတော့တယ်။ တောင်းပန်တိုးလျှိုးခယချင်ပေမယ့်လည်းတုန်ရီနေတဲ့သူ့နှုတ်ခမ်းကစကားတွေချက်ချင်းထွက်မလာခဲ့ပဲရင်ထဲမှာပြည့်ကျပ်ကာသူအသံထွက်အောင်ငိုလိုက်မိရင်းက...
"မဟုတ်ရပါဘူး....ဟန်ဘင်းရယ်...ကိုယ်...ကိုယ်တောင်းပန်ပါတယ်''
ဟန်ဘင်းသူ့ရဲ့စကားကိုကြားလိုက်ပြီးနောက်အံ့ကိုကြိတ်ထားရင်း နာထင်နဲ့လည်ပင်းကသွေးကြောတွေထင်းနေအောင်မြင်ရတဲ့အထိဒေါသထွက်လာခဲ့ကာသူ့ကိုပုခုံးကနေဆွဲကိုင်ပြီးနံရံတစ်ခုမှကပ်လိုက်တော့တယ်။ သူ့ပါးနှစ်ဖက်ကိုဟန်ဘင်းလက်တစ်ဖက်နဲ့ပင့်ပြီးကိုင်လိုက်ရင်း အရှိန်ပြင်းပြင်းနဲ့လက်သီတစ်ချက်ကနံရံပေါ်ကိုကျလာတော့တယ်။
![](https://img.wattpad.com/cover/353967343-288-k5516.jpg)