S2 အပိုင်း၂၂
ဟာအိုကားပေါ်ကမဆင်းသေးပဲ ဟန်ဘင်းကိုလှည့်ကြည့်လေတယ်။သူဆုတ်ကိုင်ထားတဲ့ဟာအိုလက်ကလေးတစ်ဖက်ကအနည်းငယ်တုန်ရီအေးစက်နေခဲ့တယ်။မျက်နှာလေးလည်းငယ်ပြီး တစ်လမ်းလုံးလည်းဘာစကားမှမပြောနိုင်ပဲ သက်ပြင်းတစ်ချချနဲ့။သူဟာအိုကိုရင်ခွင်ထဲထည့်ကာဖက်လိုက်ပြီး...
"မကြောက်နဲ့...ကိုယ်ရှိတယ်''
ဟာအိုဆံပင်လေးတွေကိုသပ်ပေးရင်းတိုးတိုးလေးပြောမိတော့ ဟာအိုခေါင်းလေးငြိမ့်ပြလေတယ်။ သူတို့ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်လာတဲ့လမ်းတစ်လျှောက် သူဟာအိုလက်ကိုတွဲထားရင်း စိတ်တွေလှုပ်ရှားနေမိတယ်။သူ့အတွက်အရေးကြီးတဲ့စာမေးပွဲတစ်ခုကိုဖြေနေရသလိုပါပဲ။ရလာဒ်ကောင်းတစ်ခုထွက်အောင်သူအကောင်းဆုံးလုပ်နိုင်ပါ့မလား...။
ဧည့်ခန်းထဲရောက်တော့ သူ့အေမနဲ့အဖေထိုင်နေတာကိုတွေ့တွေ့ချင်း ဟာအိုက သူဆုတ်ကိုင်ထားတဲ့လက်လေးကိုရုန်ထွက်လေတော့တယ်။ဒီလိုအပြုအမူသေးသေးလေးကအစဟာအိုဂရုစိုက်နေတော့သူစိတ်မကောင်းဖြစ်ရပြန်တယ်။သူအဖေနဲ့မျက်နှာချင်ဆိုင်ကခုံမှာထိုင်လိုက်တော့ ဟာအိုသူ့ဘေးကခုံမှာထိုင်လေတယ်။အမေကတော့ဟာအိုကိုပဲစိုက်ကြည့်နေေတာ့တယ်...
"Gloryကိုသိနေတာကြာပေမယ့်ကျန်းဟာအိုကိုအခုမှမြင်ဖူးတယ်...''
သူ့အဖေရဲ့နှုတ်ဆက်စကားကိုဟာအိုခေါင်းလေးငြိမ့်ပြီး အရုိအသေပြန်ပေးလေတယ်။ဟာအိုလေးစားအားကျရတဲ့ သူ့အဖေနဲ့တွေ့နေလို့ စိတ်တွေများပိုလှုပ်ရှားနေမလားဆိုပြီး သူကတော့ဟာအိုကိုခဏခဏလှည့်ကြည့်နေမိတယ်...
"မင်းတို့ကိုသဘောတူပေးမယ်ဆိုရင် အဖေပြောတာလုပ်ပေးနိုင်မလား...''
အဖေ့စကားကြောင့်ဟာအိုနဲ့သူ တစ်ယောက်မျက်နှာတစ်ယောက်ကြည်လိုက်မိတယ်။ဟာအိုမျက်လုံးလေးတွေကပြုံးယောင်သန်းလာပြီးသူ့ကိုခေါင်းငြိမ့်ပြလေတယ်...
"အဖေကဘာတွေတောင်းဆိုချင်လို့လဲ...''
"အရင်ဆုံး ကျန်းဟာအိုကိုResearcher အနေနဲ့High Classကိုလာစေချင်တယ်။GloryကိုHigh Classကဝယ်လိုက်မယ်...''
![](https://img.wattpad.com/cover/353967343-288-k5516.jpg)