S2 အပိုင်း ၇
"ကိုယ်အရမ်းသိချင်ခဲ့တယ်.....အရင်တုန်းကဟာအိုနဲ့ကိုယ် တကယ်ပဲရင်းနှီးခဲ့ကြလားဆိုတာကို။ဒါပေမယ့်ခုတော့ အဲ့ဒီအသုံးမကျတဲ့မှတ်ဉာဏ်ကိုရှာပြီး အချိန်မကုန်ချင်တော့ဘူး။ဒီတိုင်းကိုယ့်ရှေ့မှာတွေ့နေရတဲ့ကျန်းဟာအိုကိုပဲချစ်သွားချင်တော့တယ်...''
ဟန်ဘင်းသူ့ကိုထပ်ပြီးချစ်ရေးဆိုလိုက်တာလား။မှတ်ဉာဏ်ထဲကသူ့ကိုလိုက်မရှာတော့ပဲ အခုတွေ့နေတဲ့သူ့ကိုပဲချစ်တော့မယ်တဲ့လား ။ဘယ်ဘဝကရေစက်ကြောင့် ဘယ်လောက်ဖြတ်ဖြတ်မပြတ်နိုင်ရတာလဲ။ကံကြမ္မာကငါတို့နှစ်ယောက်အပေါ်ရက်စက်လိုက်တာဟန်ဘင်းရယ်။သူဝဲနေတဲ့မျက်ရည်လေးတွေကိုမထိန်းနိုင်တော့တာမို့ စီးကျလာခဲ့တဲ့အခါ ဟန်ဘင်းသူ့မေးရိုးလေးကိုဖွဖွလေးထိန်းကိုင်ကာသူ့ပါးပေါ်ကမျက်ရည်စီးကြောင်းလေးကို နမ်းရှိုက်လိုက်လေတယ်။
"စတွေ့ကတည်းက ကိုယ့်အပိုင်ဆိုတာငြင်းစရာမလိုအောင် သေချာခဲ့ပြီးသား...''
ဟုတ်ပါတယ်...။သူ့ကိုဟန်ဘင်းကပိုင်ပြီးသားပါ။သူတို့ပြန်မတွေ့ခဲ့ကြရင်တောင် သူကဟန်ဘင်းရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်နေဦးမှာပါ။သူလည်းဟန်ဘင်းကိုမစွန့်လွှတ်နိုင်တော့ဘူး။သူလဲဟန်ဘင်းမရှိရင်ရူးသွားမှာထင်တယ်...
ဟန်ဘင်း ဝိုင်ခွက်ကိုဘေးချလိုက်ပြီး ဟာအိုလက်ထဲကဝိုင်ခွက်ကိုလည်းယူကာဘေးကိုချလိုက်တယ်။ပြီးနောက်လက်တစ်ဖက်ကသူ့ခါးလေးကိုပွေ့လိုက်ကာသူနဲ့နီးကပ်ေအာင်ဆွဲယူလိုက်ပြီး နှုတ်ခမ်းလေးကိုဖိကပ်နမ်းလာပါတော့တယ်။သူမျက်လုံးမှိတ်ကျသွားပြီး ဟန်ဘင်းအနမ်းကိုသူငြင်းရမှာဆိုပေမယ့်မငြင်းနိုင်တော့ပါဘူး။မဟုတ်ရင် ဒီနေ့ညက သူတို့တွေ့ရတဲ့နောက်ဆုံးညဖြစ်သွားနိုင်တာမို့ သူ့ကိုခဏတော့အတ္တကြီးခွင့်ပေးပါ...
ဟန်ဘင်းသူမရုန်းတာသိသွားတော့ အနမ်းတွေကိုပိုပြီး နက်ရှိုင်းစေတော့တယ်။သူ့အောက်နှုတ်ခမ်းနဲ့အပေါ်နှုတ်ခမ်းလေးကို တစ်လှည့်ဆီ နမ်းနေရာက သူကလည်းပြန်နမ်းလိုက်တာမို့ ဟန်ဘင်းပိုကျေနပ်သွားပြီးအားမလို အားမရဖြစ်ကာ သူအသက်ရှုကျပ်လာအောင်ထိ အနားမပေးပဲ ဆက်တိုက်နမ်းတော့တယ်။ခဏအကြာသူနှုတ်ခမ်းတွေကိုလျှာနဲ့သပ်လိုက်ပြီး အနမ်းတွေကိုခဏခွာလိုက်ကာ....
![](https://img.wattpad.com/cover/353967343-288-k5516.jpg)