Season 2 အပိုင်း(၁၄)

811 86 15
                                    

S2အပိုင်း (၁၄)
ဟာအိုယူဂျင်းဆီသွားတွေ့တော့ ယူဂျင်းလေးကပျော်ရှာတယ်....။ယူဂျင်းကုမ္ပဏီနားက ကော်ဖီဆိုင်မှာတွေ့ဖြစ်ကြရင်း..

"ကိုကိုရောဒီမှာပဲနေတော့မှာပေါ့နော်''

ယူဂျင်းလေးမယုံနိုင်သလို အခါခါမေးတော့တယ်...သူခေါင်းငြိမ့်ပြရင်း...

"အင်း...သွားလိုက်လာလိုက်တော့ဖြစ်နေမှာပေါ့။နောက်ကျယူဂျင်းလိုတာရှိရင်ကိုကို့ကိုပဲဆက်နော်...''

"ဘာလဲ...ကျွန်တော်ကအကိုဟန်ဘင်းမအားနေတာကိုခဏခဏခေါ်နေလို့လား...''

သူရီလိုက်ရင်း...

"မဟုတ်ရပါဘူးယူဂျင်းရယ်...ယူဂျင်း​ကြိုက်တဲ့လူပြောလို့ရတယ်...ဟုတ်ပြီလား''

ယူဂျင်းသူ့ကိုမယုံသလိုမျက်လုံးလေးမှေးကြည့်နေတောသူဆံပင်လေးတွေကိုထိုးဖွလိုက်လိုက်တော့ရီလေတယ်...

"အခုကိုကိုဘယ်မှာနေနေလဲ...''

သူယူဂျင်းမျက်လုံးတွေကိုရှောင်လိုက်ရင်း...

"ဟန်ဘင်းက....သူ့အိမ်ကကျယ်တယ်ဆိုတာနဲ့ပဲ...''

သူအသံတိုးတိုးနဲ့မလုံမလဲပြောတော့ ယူဂျင်းက မရီမိအောင်ထိန်ထားနေတာသူသိပါတယ်။သူထိန်းလာခဲ့တဲ့ကလေးဆီမှာဒီလိုတွေအရှက်ကွဲရတိုင်း ေဆာင်းဟန်ဘင်းကိုထုရိုက်ပစ်ချင်တော့တယ်....

"အဲ့လောက်ရှက်မနေပါနဲ့ကိုကို...ကျွန်တော်မသိချင်ယောင်ဆောင်ထားပေးပါ့မယ်...ပါးနဲ့မားကိုလည်းပြန်မပြောပါဘူး''

လိမ္မာလိုက်တဲ့ကလေး။ပါးနဲ့မားကသူတို့ကိုခွင့်ပြုထားတယ်ဆိုပေမယ့်လည်းဒီလိုသာ သူကအလုပ်ကိစ္စအကြောင်းပြပြီးဟန်ဘင်းနောက်လိုက်သွားတာသာသိရင် သူ့အစားရှက်ကြဦးမှာမို့ သူမပြောရဲသေးဘူး။showroomကိစ္စတွေပြီးလို့ဟန်ဘင်းနဲ့လက်ထပ်တော့မယ်ဆိုမှသာဖွင့်ပြောမလို့ပါ။

ယူဂျင်းလေးလည်း မကြာခင်debutလုပ်ရတော့မှာမို့ ပိုကြိုးစားနေရှာတယ်။ဟန်ဘင်းကလည်း ယူဂျင်းကိုလို​လေးသေးမရှိထားပြီးCEOဂယူဘင်းကလည်း သူ့ကိုဂရုစိုက်တယ်ပြောတော့ သူဝမ်းသာရတယ်။ဂယူဘင်းကတော့ ယူဂျင်းကသူ့ညီဆိုတာသိမှာမဟုတ်ပါဘူး။

Unchangeable Love (Season 2)Where stories live. Discover now