S2 အပိုင်း ၁၀
"ကိုယ်လည်းဟန်ဘင်းကိုရူးမတက်ချစ်ရပါတယ်...''
ဟာအိုအသံကတိုးတိမ်ဝင်နေပေမယ့် ဟန်ဘင်းကောင်းကောင်းကြားလိုက်ရပါတယ်။ဟန်ဘင်း ပြန်လှည့်လိုက်ပြီး ဟာအိုနဲ့မျက်နှာချင်းဆိုင်လိုက်ကာ ဟာအိုပုခုံးတွေကိုဆုတ်ကိုင်လိုက်ပြီး...
"ဟာအို ကိုယ့်ကိုချစ်တယ်လို့ပြောလိုက်တာလား....''
သူခေါင်းငုံရပ်နေရင်းနဲ့ပဲ ခေါင်းငြိမ့်ပြလေတယ်...။ဟန်ဘင်း သူမေးလေးကနေဆွဲကိုင်မော့လိုက်တော့ သူမျက်ဝန်းမှာမျက်ရည်တွေနေရာယူထားနှင့်နေပြီ...။
"ကိုယ်ကြောက်တယ်....ဟန်ဘင်းနဲ့ကိုယ်ရဲ့ကြားကခြားနားမှု
တွေကြောင့် ခံစားရမှာကြောက်တယ်...ဒါပေမယ်အဲ့ဒါထက်အရင် ဟန်ဘင်းနဲ့ဝေးရမှာပိုကြောက်တယ်...''ဟန်ဘင်း သူ့ကို ရင်ခွင်ထဲထည့်ကာ တင်းကြပ်နေအောင်ဖက်လိုက်တော့ သူရှိုက်ကြီးတငင်ငိုလိုက်မိတယ်...။ဟန်ဘင်းကိုဆုံးရှုံးရမှာလဲကြောက်တယ်။နောက်ဖြစ်လာမယ့်အခြေအနေတွေကိုလည်းကြိုသိနေတော့ ပိုကြောက်ရပါတယ်။
ဒါပေမယ့်ခုလောလောဆယ်တော့သူဘာပဲဖြစ်နေနေဟန်ဘင်းအနားမှာပဲနေချင်မိတယ်။ဟန်ဘင်းမရှိတဲ့ တစ်စက္ကန့် တစ်မိနစ် တစ်နာရီကတောင်သူ့အတွက် ပင်ပင်ပန်းပန်းဖြတ်သန်းနေရတယ်။သူသေမတတ်ခံစားခဲ့ရတဲ့ အချိန်တွေကိုခုထိမှတ်မိနေသေးတာမို့ အဲ့ဒီအချိန်တွေကိုပြန်မသွားချင်တော့ဘူး။နောက်ပြီး ဟန်ဘင်းကိုလည်းဒီထပ်ပိုပြီးအထီးကျန်အောင်မထားချင်တော့ဘူး...။
"မငိုနဲ့တော့နော်....ဟာအို...ကိုယ်ကအများကြီးပိုချစ်ပေးမှာမို့ ဟာအိုဘာကိုမှကြောက်စရာမလိုဘူး...ကိုယ်ရှိတယ်''
ဟန်ဘင်းသူ့ဆံပင်လေးတွေကိုနမ်းရှိုက်ပြီး သူ့ကိုအားပေးလေတယ်။သူဟန်ဘင်းကိုဆုံးရှုံးလိုက်တာထက်စာရင် ဖြစ်လာမယ့်အရာတွေကိုရင်ဆိုင်လိုက်ပါတော့မယ်....ဟန်ဘင်းကသူ့ကျောလေးကိုပွတ်သပ်ကာချော့မြူရင်း လက်တစ်ဖက်ကလည်းသူ့ဂုတ်ပိုးကိုကိုင်ထားရာကဆံပင်လေးတွေကိုထိုးဖွနှစ်သိမ့်လေတယ်။