S2 အပိုင်း ၁၈
"ဒါပေမယ့်လည်း...ထပ်ပြီးအဲ့ဒီလိုအခြေအနေမျိုးကြုံရတယ်ဆိုရင်တောင်...ဟန်ဘင်းကိုချစ်မိနေဦးမှာပါ''
သူဟာအိုစကားတွေကိုထပ်မကြားနိုင်တော့တာမို့ဟာအိုဆုတ်ကိုင်ထားတဲ့လက်ကိုရုန်းထွက်လိုက်ပြီး ဟာအိုကိုပွေ့ချီလိုက်မိေတာ့သူ့ရင်ခွင်ထဲကိုစွေ့ခနဲ့ပါလာခဲ့တယ်။ဟာအိုကအခုRickyတို့ငှားထားတဲ့တိုက်ခန်းမှာနေနေတာမို့ သူအဲ့ဒီကိုမောင်းထွက်လာတော့ ဟာအိုမူးပြီးမလှုပ်နိုင်တော့ပါဘူး။အိပ်ပျော်နေတာမျိုးမဟုတ်ပဲ အရက်ရဲ့ဒဏ်ကိုမခံပဲမလှုပ်နိုင်တော့တာပါ။
သူတိုက်ခန်းရှေ့ရောက်တော့ ဟာအိုကိုအခန်းထဲလိုက်ပို့ပေးဖို့ ထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်စဉ် ဟာအိုက သူရင်ဘက်ကအင်္ကျီလေးကိုဆုတ်ကိုင်လိုက်ပြီး....
"အိမ်မက်မဟုတ်ဘူးပဲ...''
ဟာအိုတော်တော်ရုန်ကန်ပြီးသူ့ကိုသူနိုးထနိုင်အောင်ကြိုးစားနေတော့တယ်...။သူ့ကိုဆုတ်ကိုင်ထားတဲ့လက်ကလေးကိုဆဲွဲဖြုတ်တော့ ကျစ်ကျစ်ပါအောင်ဆုတ်ထားကာ မျက်ရည်လေးတွေကျလာရင်း....
"မသွားပါနဲ့....ကိုယ့်ကိုထားမသွားပါနဲ့''
ဟာအိုမျက်ရည်တွေစီးကျလာတဲ့မျက်လုံးအစုံကိုမှိတ်လိုက်ပြီး...
"အိမ်မက်ဖြစ်ဖြစ်...တကယ်ဖြစ်ဖြစ်...ကိုယ့်ကိုထားမသွားပါနဲ့''
သူပါမျက်ရည်တွေကျလာရပြန်တယ်။ဟာအိုရယ်ဒီလောက်ကြီးမခံစားပါနဲ့သူ့မှာခံနိုင်ရည်တွေမရှိတော့ဘူး...သူ့ကိုအသေ သာသတ်လိုက်ပါတော့လား...သူဟာအိုကိုထွေးပွေ့ထားလိုက်မိကာ ဆံပင်လေးတွေကိုပွတ်သပ်နှစ်သိမ့်ပေးမိတော့ ဟာအိုသူ့ပုခုံးမှာခေါင်းလေးနှစ်မြုပ်ကာ သူ့အင်္ကျီလေးကိုဆုတ်ကိုင်ထားတော့တယ်...
"ဟန်ဘင်း...''
သူ့နာမည်ကိုအကြိမ်ကြိမ်ရေရွတ်နေပြန်တယ်။ ငိုလိုက်ရှိုက်လိုက်နဲ့ မောဟိုက်နေခဲ့ပြီးခဏကြာတော့ ဟာအို သူ့အင်္ကျီကိုဆွဲထားတဲ့လက်ကလေးကအနည်းငယ်ပြေလျှော့လာတော့တယ်။ဒီတော့မှသူဟာအိုကိုဖက်ထားရာက သူ့ရင်ခွင်ထဲကထုတ်လိုက်ပြီး လက်ကလေးကိုဆုတ်ကိုင်ထားလိုက်ကာ ဟာအိုမျက်နှာလေးကိုငေးမောကြည့်မိတော့တယ်။
![](https://img.wattpad.com/cover/353967343-288-k5516.jpg)