ခါးသက်သက် အရသာအပြည့်ထဲမှာမှ ခပ်ပါးပါးစိမ့်ဝင်နေသည့် အချိုဓာတ်ကိုသာလျှင် ဆောင်းဟန်ဘင်းက မက်မောတွယ်တာရပါသည်။
_________________________________________
၂၀၂၆ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ကိုးနာရီခြောက်မိနစ်နှစ်ဆယ့်သုံးထပ်မြောက် အဆင့်မြင်ကွန်ဒိုအခန်းက ကြမ်းပြင်မှမျက်နှာကျက်အထိ မြင့်သော မှန်ချပ်အထူတွေကိုသာအသုံးပြုထားတာကြောင့် အပေါ်စီးမှနေ၍ မြို့တစ်ခုလုံးဟာ ရှင်းလင်းပြတ်သားစွာ မြင်ကွင်းထဲသို့တိုးဝင်လာ၏။
ခရစ္စမတ်နေ့ မနက်ခင်း၏ နှင်းမှုန်တွေဟာ မှန်ချပ်သာ ခြားနေပြီး သူ၏ရှေ့တွင် တဖွဲဖွဲကျလျက်ရှိသည်။ကားလမ်းပေါ်တွင်ပြေးလွှားနေသည့် လှုပ်ရှားမှုတွေဟာ ပုံမှန်ကျလွန်းသည်။တစ်ညလုံးကျထားတာကြောင့် လမ်းမပေါ်တွင်စုပြုံနေသော နှင်းမှူန်တွေအား မနက်ခင်းအစောကြီး လာရှင်းသွားတာကိုလည်း မြင်ပြီးပြီ။
မှုန်ပြပြအလင်းရောင်ကြားကနေ တစ်စတစ်စ တိုးထွက်လာတဲ့ နေရောင်ခြည်ကိုလည်း နည်းနည်းလေးမှ မလွတ်တမ်းငေးကြည့်နေခဲ့ပြီးပြီ။လမ်းမဘေးရှိ သစ်ပင်ကြီးများ၌ အလှဆင်ထားသည့် မီးလုံးတွေဟာ မနက်ခင်းရောင်ခြည်အောက်မှာ မှေးမှိန်သွားခဲ့ပြီဖြစ်သည်။
သို့သည့်တိုင် ခရစ်စမတ်၏ အငွေ့အသက်တွေက လွှမ်းခြုံနေမြဲ။ဒီနေ့ညမှာ အဲ့ဒီ့မီးလုံးတွေဟာ ပိုလို့လှပနေလောက်မည်။အလှဆင်ပြီးသား ခရစ္စမတ်သစ်ပင်တွေဟာလည်း ဒီနေ့ညမှာ ပိုလို့ တောက်ပနေလောက်မည်။
ကလေးတွေက ခရစ္စမတ်မနက်ခင်းမှာ အစောထပြီး ခရစ္စမတ်သစ်ပင်အောက်က သူတို့အတွက် ရည်ရွယ်ထားသည့် လက်ဆောင်ဘူးတွေကို အပြေးအလွှား ဖောက်နေလောက်ပြီ။ကျီးပေါင်ပင်အောက်တွင် အနမ်းဖလှယ်ကြမည့် စုံတွဲတွေအဖို့လည်း သိပ်ကိုအဖိုးတန်လှသည့် မှတ်ဉာဏ်တစ်ခုဟာ ထိုသူတို့၏ နှလုံးသားထဲတွင် သိမ်းဆည်းရန် အသင့်ဖြစ်နေလောက်ပြီ ဖြစ်သည်။
ဆောင်းဟန်ဘင်းက လက်ထဲမှ ဘယ်နှစ်ခွက်မြောက်မှန်းမသိတဲ့ ချောကလတ်ပူပူအား တစ်ငုံခန့်ငုံလိုက်မိသည်။ကော်ဖီပူပူလေးကိုမှ အချိုဓာတ်စိမ့်ဝင်နေတာမျိုးကိုသာ သဘောတကျသောက်တတ်သည့် ဆောင်းဟန်ဘင်းက အခါးဓာတ်သွေ့တဲ့ ဒါ့ခ်ချိုကိုပူပူအပေါ်မှာ စွဲလမ်းမှုတွေ ကိန်းညွှတ်နေသည်က အတော်လေးကြာနေပြီဖြစ်သည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction