일곱

247 37 20
                                    

နမ်းနေရင်းကော့တက်လာတဲ့ နှုတ်ခမ်းတွေက သိပ်ကိုဆွဲဆောင်မှုရှိလွန်းတယ်။ဒါ့ခ်ချိုကိုသင်းနေတဲ့ အနမ်းတွေဟာတော့ သိပ်ကို ညို့ငင်အား ပြင်းလှပါတယ်။
_________________________________________
၂၀၁၈ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ဆယ်နာရီ သုံးမိနစ်

ပြောရရင် အခုအခြေအနေကြီးကို ကောင်းကောင်းနားမလည်သေးသလို ဘာကြောင့် ဒီအချိန်သို့ ဒီလိုပုံစံမျိုးနဲ့ ရောက်လာမှန်း မသိပေမယ့် အဲ့တာကို စဉ်းစားဖို့ထက် လောလောဆယ် ဆောင်းဟန်ဘင်းက သူ့ရှေ့မှာ ချောကလက်ပူပူတစ်ခွက်ကိုရှေ့ချရင်း ကလူကျီဆယ်နေကြသည့် လူနှစ်ယောက်အား တစ်ယောက်တစ်ချက်စီ ရိုက်ပစ်ချင်စိတ်တစ်ခုတည်းက သာလျှင် ကြီးစိုးနေခဲ့သည်။

သေချာပေါက် အဲ့တာက လွန်ခဲ့သည့်ရှစ်နှစ်မှ သူနှင့် ကျန်းဟာအိုဖြစ်နေပေမယ့်လည်း အခုချိန်မှာ သူ့ခံစားချက်ကြီးက အတင်းအကျပ် အတွဲတွေရှေ့မှာ ခြေချုပ်မိနေပြီး သမီးရည်းစားကလူ​၏မြူ​၏ကို ထိုင်ကြည့်ခိုင်းခံရသလိုမျိုး။

"ဝါး! ငါတော်တော်အရှက်မရှိခဲ့တာပဲ"

ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသည့် ဆောင်းဟန်ဘင်းက တလောကလုံးကို စိတ်ကုန်နေဟန်ဖြစ်နေပေမယ့် သူ့ရှေ့မှ ဆောင်းဟန်ဘင်းအငယ်စားလေးကတော့ တက်ကြွစွာဖြင့် ကျန်းဟာအိုအား ငုံမထားရုံတမယ် ကဲသဲပြနေသည်။

"အား! ရိုက်ပစ်ချင်လာပြီ"

ဒါကြီးက သူပဲဖြစ်နေပါစေဦးတော့ လက်ရှိဆောင်းဟန်ဘင်းရဲ့ခံစားချက်က ရည်းစားဟောင်းကိုမုမအွန်နိုင်သေးတဲ့ ဆောင်းဟန်ဘင်းလေ။အဲ့လိုလူရှေ့မှာ လာပြီးကလူမြူနေတာ ကျေကျေနပ်နပ်ထိုင်ကြည့်နေရအောင် သူက တရားပေါက်နေတာမှမဟုတ်တာ။

​"ရား! ငါ့သီအိုဘရိုမင်းလေးကို ထိပြန်ပြီ"

မကြားရမှန်းသိပေမယ့် ဆောင်းဟန်ဘင်းက အသံကုန်အော်လိုက်မိသည်။ဆူပုတ်မှုန်ကုတ်နေတဲ့ ဆောင်းဟန်ဘင်းက သူ့ရှေ့မှာရှိတဲ့ ဆောင်းဟန်ဘင်း အငယ်စားလေးအား ဂုတ်ကကိုင်ပြီး လွှတ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ​၏။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now