နှစ်ကူးခရစ္စမတ်သစ်ပင်အောက်မှာ မင်းနဲ့နှစ်သစ်ကိုအတူဖြတ်သန်းရင်း နှစ်သစ်တစ်ခုလုံး မင်းရဲ့နေ့ရက်တွေမှာ ပါဝင်နေဖို့ဟာ တစ်နှစ်စာအတွက် တစ်ခုတည်းသော ဆုတောင်းဖြစ်တယ်။
________________________________________
၂၀၂၆ခုနှစ် ၁၂လပိုင်း ၃၁ရက်နေ့ ညကိုးနာရီ နှစ်ဆယ့်ရှစ်မိနစ်လမ်းခွဲပြီး တတိယမြောက်နှစ်သစ်ကူးနေ့။ဆောင်းဟန်ဘင်းက ဒီနှစ်မှာတော့ အဲ့ဒီ့လူဆီကိုမသွားတော့ပါဘူး။အခြားသူနဲ့အတူ ရှိနေတာကိုမမြင်ချင်တော့ပါဘူးလို့ အော်ဟစ်ကြွေးကြော်ခဲ့ပေမယ့် အဲ့လူကို မတွေ့ရရင် မနေနိုင်တာကလည်း ဆောင်းဟန်ဘင်းပါပဲ။
မနှိုင်းကောင်းတဲ့အဆိုတစ်ခုနှင့် နှိုင်းရမည်ဆိုလျှင် 'ကျွဲပါးစောင်းတီး'ဟူသော စကားပုံကိုသာလျှင် တွင်တွင်ဆိုမိမည်။ကျွဲတစ်ကောင်အား စောင်းကြိုးမှ သံစဉ်တွေနှင့် ရင်းနှီးကာ ယဉ်ပါးစေရန် နေ့စဉ်တီးပြသော်လည်း ထိုကျွဲဟာ သံစဉ်တွေအား မခံစားတတ်သလို ဘယ်သောအခါမှ သံစဉ်တွေနှင့် ယဉ်ပါးလာမှာ မဟုတ်ဘူး။ဒုံရင်းက ဒုံရင်းအတိုင်းရှိနေဦးမှာ။
ထိုအတိုင်းပါဘဲ ဆောင်းဟန်ဘင်းက နာကျင်မယ်ဆိုရင်တောင် ထိုနာကျင်မှုအား မခံစားတတ်တော့သလိုမျိုး ရှောင်ပုန်းနေရင်တောင်မှ အဆုံးမှာတော့ အချိန်တန်လျှင် ထိုနေရာကိုပဲ ခြေလှမ်းတွေဟာ ဦးတည်နေဦးမှာ။အဲ့သလိုအနှိုင်းခံရမယ်ဆိုရင်တောင် အမှန်တရားဖြစ်နေတာဆိုတော့လည်း သူကတော့ မမှုပါဘူး။တစ်ကယ်ကိုလည်း ဆောင်းဟန်ဘင်းက 'ကျွဲပါးစောင်းတီး' ဖြစ်နေခဲ့တာ။
ရိုက်နှက်ပြီး တားရင်တောင်မှ ဒုံရင်းအတိုင်းဖြစ်နေဦးမည့် ဆောင်းဟန်ဘင်းက မသွားတော့ပါဘူးဆိုတဲ့ သူ၏ တစ်နှစ်လုံးစာကြွေးကြော်ခဲ့မှုကို မထီမဲ့မြင်ပြုလျက် ဆန့်ကျင်သည့် ခြေထောက်တွေဟာ ရိုက်ချိုးပစ်ပါသည်။
ဒါ့ခ်ချိုကိုတွေကို စွဲလမ်းမိသွားသလိုမျိုး ခါးသက်ခြင်းကို အရသာလို့လက်ခံမိလိုက်တည်းက ဆောင်းဟန်ဘင်းရဲ့ အလုံးစုံဟာ ဘယ်သောအခါမှ ထိုစွဲလမ်းမှုထဲမှ လွတ်မြောက်တော့မည်မဟုတ်မှန်း သိပြီးသားဖြစ်သည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction