ခရစ္စမတ်ချောကလက်ပူပူတစ်ခွက်ရယ် နှစ်သစ်ကူးမှာပေးတဲ့ ဒဏ်ရာတစ်ချက်ရယ် အပြုံးတွေကိုတောင် ဆုံးအောင် မဖန်တီးလိုက်ရဘူးပဲ။ဒါပေမယ့်လည်းပေါ့ သီအိုဘရိုမင်းလေးဆိုတာနဲ့ သူ့မယ် အချစ်တွေအကုန်ပေးချင်နေတုန်းပဲ။
________________________________________
၂၀၂၅ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ကိုးနာရီ နှစ်ဆယ့်သုံးမိနစ်လမ်းခွဲပြီး ဒုတိယမြောက်ခရစ္စမတ်နေ့။ဒီနေ့မှာလည်း ဆောင်းဟန်ဘင်းက ချောကလက်ပူပူတစ်ခွက်နှင့်အတူ ရောက်နေကျ တိုက်ခန်းအောက်သို့ ဦးတည်မိခဲ့ပြန်သည်။
"ချောကလတ်ပူပူက အဖော်နဲ့သောက်ရတာ ပိုပြီးအရသာရှိတယ်သိလား။အထူးသဖြင့် ခရစ္စမတ်နေ့မှာ မင်းနဲ့အတူသောက်ရတဲ့ ချောကလတ်ပူပူတစ်ခွက်က ပိုပြီး သဘောကျစရာကောင်းတယ်"
သူ၏ သီအိုဘရိုမင်းလေးပြောသမျှကို သိမ်းရန်အတွက်သာအလုပ်လုပ်သည့် သီးသန့်နှလုံးသားအမ်ပီသရီးထဲမှ အသံအချို့ဟာ နားထဲသို့တိုးဝင်လာခဲ့သည်။
အဲ့နေ့က အပြာနုရောင် လည်ပိတ်ဆွယ်တာ ထဲတွင်မြှုပ်နေသောပူတင်းအိအိလေးကို ရင်ခွင်ထဲမလိမ့်တပတ်ဆွဲသွင်းတော့ ခပ်ဟဟရယ်ကာငြိမ်နေခဲ့သူ၏ လက်ထဲတွင် ချောကလတ်ပူပူတစ်ခွက်က အခန့်သားရှိနေခဲ့သည်။
ဒီခရစ္စမတ်ဟာ ပုံမှန်ခရစ္စမတ်နေ့တစ်ရက်ဖြစ်သလို ပတ်ဝန်းကျင်တစ်ခုလုံးဟာ ခရစ္စမတ်အငွေ့အသက်တွေက ဖုံးလွှမ်းနေခဲ့ပါသည်။
ဆောင်းဟန်ဘင်းက တစ်နေကုန် ထိုနေရာတွင်သာ ရှိနေခဲ့ပေမယ့် ရည်ရွယ်ထားသူအားအရိပ်ကလေးပင် မတွေ့ရတော့သလို ဝယ်လာသည့် ချောကလက်ခွက်တွေဟာ နွေးရာမှတစ်ဆင့်တက်၍ အေးစက်သွားခဲ့ပြီဖြစ်သည်။
၂၀၂၅ခုနှစ် ၁၂လပိုင်း ၃၁ရက်နေ့ ညဆယ်နာရီ ငါးဆယ့်ရှစ်မိနစ်
ဆောင်းဟန်ဘင်းက ကားထဲမှတစ်ဆင့် အရှေ့ရှိ အဆောက်အအုံဆီသို့ တစိုက်မတ်မတ်စိုက်ကြည့်နေခဲ့တာ နှစ််နာရီကျော်နီးပါးရှိနေပြီဖြစ်သည်။
လမ်းခွဲပြီးသည့်တိုင် ခရစ္စမတ်နေ့ရော နှစ်သစ်ကူးညတွေမှာပါ ဆောင်းဟန်ဘင်းက သူ၏ သီအိုဘရိုမင်းလေးနှင့် အတူရှိနေခဲ့သည်။ခပ်လှမ်းလှမ်းကနေ မြင်လိုက်ရတာမျိုး တိုက်ခန်းအောက်မှာ တစ်ညလုံး သူရင်းနှီးလွန်းလှသော အခန်းလေးအားငေးရင်း အချိန်ကျလာတဲ့အခါ နှစ်သစ်ဆုတောင်းစကား တိုးဖွဖွဆိုရင်း နှစ်သစ်အား ကြိုဆိုလေ့ရှိသည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction