သဲမှုန်ရောင် မာဖလာထူထူအောက်က သီအိုဘရိုမင်းလေး၏ လည်တိုင်ကျော့ကျော့ဟာ ဆောင်းဟန်ဘင်း တစ်ဦးတည်းသာ ပိုင်ဆိုင်သော အဖိုးတန်ကင်းဗက်စ ဖြစ်သည်။
________________________________________၂၀၂၂ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ ည ရှစ်နာရီ ငါးဆယ့်တစ်မိနစ်
လက်ရှိကာလ၏ ကျန်းဟာအိုက သူ့ကိုမြင်နိုင်နေတာကြောင့် လက်ရှိကာလ၏ ဆောင်းဟန်ဘင်းကပါ မြင်နိုင်မမြင်နိုင်မသေချာသည့်အတွက် ဆောင်းဟန်ဘင်းက ဆောင်းအသေးစားလေးနှင့်မဆုံးအောင် ရှောင်ထွက်ရန် တိုက်ခန်းနှင့်လှမ်းသော နေရာ တစ်ခုဆီသို့ သွားရန်ပြင်လိုက်သည်။
ဝေ့လာသောလေနုက အသားထဲစိမ့်ကနဲဖြစ်သွားတာကြောင့် ခန္ဓာကိုယ်အားကျုံ့လိုက်ရင်း ရင်ဘတ်ကအင်္ကျီစနှစ်ခုအား ဆွဲစေ့လိုက်ရာမှ လည်ပင်းတွင် မာဖလာကျန်ခဲ့မှန်း သိသွားသော ဆောင်းဟန်ဘင်းက မေ့တတ်လွန်းသော ခေါင်းအား နှစ်ချက်ခနိ့ထုလိုက်ကာ ခပ်မြန်မြန်အခန်းဆီသို့ ပြန်ဦးတည်မိသည်။
"မရောက်ပါသေးနဲ့ဦး"
ခပ်သွက်သွက်ဖြစ်နေတဲ့ခြေလှမ်းတွေက လှေကားထစ်တွေကို ကျော်လွှားရင်း အလုပ်များနေခဲ့သည်။
အချိန်ကြည့်ရန် ဖုန်းထုတ်ရင်း အရှေ့သို့မကြည့်မိသော ဆောင်းဟန်ဘင်း၏ ခြေလှမ်းတွေကတော့ ပုံမှန်အလုပ်အတိုင်း လမ်းကိုမှတ်မိနေသည့်အလား။
'ချွမ်း!'
အင်္ကျီအိတ်ကပ်ထဲမှ ထွက်ကျသွားသော မီးခြစ်ဟာ ကြမ်းပြင်နှင့် ထိခတ်လိုက်ချိန် ဆောင်းဟန်ဘင်း၏ လက်တွေက လှမ်းဖမ်းရန်အတွက် လေထဲတွင်မြောက်နေခဲ့သလို တိတ်ဆိတ်နေသော လမ်းမထက်၌ အာမေဍိတ်အသံနှစ်ခုက ထွက်ပေါ်လာခဲ့ပြီး ဆောင်းဟန်ဘင်း၏ အကြည့်တွေက လျှင်မြန်စွာ ထိုနေရာသို့ရောက်သွားမိသည့်အခါ ခန္ဓကိုယ်တစ်ခုလုံးတောင့်သွားကာ မလှုပ်မယှက်ဖြစ်သွားခဲ့သည်။
မြင်သွားကြတာလား။ဘယ်လိုလုပ်မလဲ တကယ်ဘယ်လိုလုပ်ရမလဲ။
ဘယ်လိုလုပ်မလဲ ဆိုသော မေးခွန်းတွေဟာ စီတန်းကာဖြင့် ခေါင်းထဲသို့ တိုးဝင်လာပြီး သူ့ကိုကြည့်နေဟန်တူသော လူနှစ်ယောက်အား ဘာပြန်ပြောရမှန်းမသိပါဘဲ တဒုန်းဒုန်းခုန်တက်လာသော နှလုံးခုန်သံတွေနှင့်အတူ နှုတ်ခမ်းသားတွေအား ဖိကြိတ်လိုက်မိသည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction