열둘

185 32 11
                                    

ဆောင်းဟန်ဘင်းဆီမှာတော့ သီအိုဘရိုမင်းလေးဆီမှ ခပ်နွေးနွေးအထိအတွေ့​၏ အငွေ့အသက်တွေက ရစ်ပတ်ဆဲဖြစ်​၏။
_________________________________________
၂၀၂၁ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ နေ့လည် တစ်နာရီ ငါးမိနစ်

ဆောင်းဟန်ဘင်းက ကျန်းဟာအိုကိုပွေ့ထားရင် ခပ်ငြိမ်ငြိမ်လေးရယ်ထိုင်နေတာဖြစ်လို့ အလိုင်တသိငြိမ်ပေးနေသည့် ကျန်းဟာအိုလေးကရင်ခွင်ထဲ မျက်လုံးလေးမှေးကာ ငိုက်မျဉ်းစပြုနေပြီဖြစ်သည်။

ပါးလုံးလုံးလေးတွေရဲ့ အိစက်နေသည့်အထိအတွေ့ရယ် နှာခေါင်း
တစ်ခုလုံးနစ်ဝင်သွားတဲ့အခါ ချောမွတ်နေသည့် အသားလုံးအိကျိလေးရယ် နှုတ်ခမ်းသားနုနုလေးတွေရယ် ဆောင်းဟန်ဘင်း လွမ်းနေရပါတဲ့ ခန္ဓာကိုယ် သေးသေးလေးရယ်။

၂၀၂၆က ဆောင်းဟန်ဘင်းအတွက် လက်ရှိကာလရဲ့ ကျန်းဟာအိုလေးက အတော်လေးသေးလွန်းလှသည်။စကားတွေပြောရင်း ရယ်မောရင်း ဆောင်းဟန်ဘင်းပြောတဲ့ မထိတထိစကားတွေကြောင့် ရှက်သွားတဲ့အခါ ရင်ခွင်းထဲတိုးဝင်လာရင်း သူ့ပေါင်ပေါင်းလေးက တကယ်ကို ဘာမှမပြောင်းလဲပါဘူး။

၂၀၂၁ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ နေ့လည် ခြောက်နာရီ ကိုးမိနစ်

"သီအိုဘရိုမင်းလေး"

"ဟင်"

ဆောင်းဟန်ဘင်းကခေါ်တော့ မော့ကြည့်လာသည့် မျက်ဝန်းလဲ့လဲ့လေးတွေက ဘဝတစ်ခုလုံးကို ကျေကျေနပ်နပ်ကြီး နစ်မြှုပ်ပစ်ချင်စရာကောင်းလှသည့် ရေအိုင်ငယ်လေး။

နှဖူးသားနုနုအား အနမ်းခြွေပြန်ကာ ဘာမှမပြောပြန်တော့ ကျန်းဟာအိုပိစိက သဘောတကျရယ်ကာ ခေါင်းလွှဲသွားရင်း ဆောင်းဟန်ဘင်း​၏ လက်ချောင်းတွေကိုသာ စိတ်ဝင်တစား ဆော့ကစားနေပြန်သည်။

"ဘာတွေတွေးနေတာလဲ"

"သီအိုဘရိုမင်းလေးကို ချစ်တဲ့အကြောင်းတွေ"

"တနေကုန် အတွေးထဲမြှုပ်နေလို့မေးတာကို အကောင်းမဖြေဘူး"

​ကျန်းဟာအိုလေးက ဆောင်းဟန်ဘင်း​၏ လက်မောင်းတွေကြားမှ ရုန်းကာ မီးဖိုဘက်သို့ထွက်သွားပေမယ့် ပါးတစ်ဖက်အား လှစ်ကနဲနမ်းသွားသေးသည်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now