열셋

220 34 4
                                    

ဒါ့ခ်ချိုကိုတွေ ကျန်းဟာအိုက ဆောင်းဟန်ဘင်းဖျော်ပေးတဲ့ ဒါ့ခ်ချိုကိုပူပူကိုမှ စွဲလမ်းနှစ်ခြိုက်စွာ ခုံမင်ရပါသည်။
_________________________________________
၂၀၂၁ခုနှစ် ၁၂လပိုင်း ၃၁ရက်နေ့ ည ခုနှစ်နာရီ ခုနှစ်မိနစ်

နှစ်လေးခုကိုခုန်ပြန်ကျော်လွှားပြီးတဲ့နောက်မှာ ဆောင်းဟန်ဘင်း​က အချက်အလက်အချို့ကို ဖမ်းမိခဲ့သည်။ဝိညာဉ်မဖြစ်တစ်ဖြစ်သူက ခရစ္စမတ်နေ့တွေဆိုလျှင် မနက်ကိုးနာရီမှ ညကိုးနာရီအထိ ဆယ့်နှစ်နာရီတိတိအချိန်ရပြီး နှစ်ကူးနေ့တွေမှာကျတော့ ရောက်သည့်အချိန်မှ စ၍  ညဆယ့်နှစ်အထိ အချိန်ရှိသညိ။

ထို့အပြင် နှစ်ကူးနေ့တွင်ရရှိသည့်အချိန်က တစ်နေ့ထက်တစ်နေ့ တစ်နာရီစီလျော့လျော့သွားမှန်းသတိထားမိတာကြေရင့် ၂၀၂၀နှစ်ကူးမှာ ညခြောက်နာရီဖြစ်ခဲ့တဲ့အတွက် အခုအချိန်က ခုနှစ်နာရီဖြစ်မည်မှန်း နာရီမကြည့်လည်း အတပ်ပြောနိုင်သည်။

သို့ပေမယ့် လက်ရှိကာလ​၏ ကျန်းဟာအိုက သူ့ကိုဘာကြောင့် မြင်နေရမှန်းမသိသလို ဘယ်အချိန်တွေမှမြင်ရမှန်းလည်း ဂဃနဏမသိပေ။ထို့အပြင် မြင်သွားခဲ့လျှင်တောင် သူ့မှာ နှစ်နာရီမှ ဆယ့်နှစ်အထိ ငါးနာရီမျှသာအချိန်ရှိတာဖြစ်လို့ ဆောင်းဟန်ဘင်းက ဒီညကို ကျန်းဟာအိုအား ရှောင်ရန်သာ ရွေးချယ်ခဲ့သည်။

​အခန်းသို့ တစ်ချက်မော့ကြည့်ပြီးနောက် ထုံးစံအတိုင်း မီးရောင်တွေရယ် တစ်စွန်းတစ်စမြင်ရသည့် ခရစ္စမတ်သစ်ပင်ကြီးရယ်။ကျောခိုင်းလိုက်တဲ့ ဆောင်းဟန်ဘင်းဟာ လှေကားရင်းနားသို့ဦးတည်နေခဲ့ပြီး ပြတင်းပေါက်နားတွင် အရိပ်သေးသေးလေးက လှစ်ကနဲဖြတ်ပြေးသွားခဲ့သည်။

"ဒီနှစ် နှစ်ကူးမှာ အတူမရှိပေးနိုင်လို့ တောင်းပန်ပါတယ်"

လှေကားထစ်ပေါ်တွငါ ထိုင်ချလိုက်သည့်ဆောင်းဟန်ဘင်း ဒီတစ်ကြိမ်မှာတော့ အအေးဒဏ်ကိုညည်းနေဖို့ထက် အတွေးများရင်းအလုပ်ရှုပ်နေခဲ့သည်။

၂၀၂၁ခရစ္စမတ်တစ်ခုလုံးက သူနဲ့တစ်နေကုန်အတူရှိခဲ့တာဖြစ်လို့ သူတို့နှစ်ယောက်​၏ လမ်းခွဲခြင်းလမ်းစက မရှိလောက်တော့ပေ။ဆောင်းဟန်ဘင်းက ထိုသည်ကို တွေးရင်း ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now